
မိုးညှင်းမြို့ကဘား(Bar)တွင် HI ဆေးလွန်၍ အမျိုးသားတစ်ဦးသေဆုံး
မိုးညှင်းမြို့နယ် ၃၀၊ဇူလိုင်လ၊၂၀၂၆
ဇူလိုင်လ ၂၄ရက်နေ့ မိုးညှင်း အရှေ့စုရပ်ကွက် 91 Bar တွင် ပျော်ပါးသောအသက်(၃၄)နှစ်အရွယ်အမျိုးသားတစ်ဦးသည် HI ဆေးသုံး၍ နှလုံးရပ်ပြီး သေဆုံးသွားကြောင်းသတင်းရရှိပါသည်။
သေဆုံးသူအမျိုးသားဖြစ်သူ၏အမည်မှာ ကိုပြုံးမောင်မောင်ဟုသိရပြီး သူငယ်ချင်းဖြစ်သူ၏ မွေးနေ့ပွဲကျင်းပသည့် Bar တွင် ဆေးလွန်ပြီးနှလုံးရပ်ကာ သေဆုံးသွားကြောင်း သေဆုံးသူနှင့်နီးစပ်ရာအသိုင်းအဝိုင်းမှသိရပါသည်။
မြို့ခံများ၏ ပြောပြချက်အရ အရှေ့စု(၃)လမ်းရှိ 91 Bar သည် မြို့နယ်စရဖတစ်ဦးမှ ဌာနဆိုင်ရာအကြီးအကဲများနှင့်စပ်တူရှယ်ယာထည့်ကာဖွင့်ထားသည့် Bar ဖြစ်ပြီး မူးယစ်ဆေးဝါးများလိုသလောက်ရနေသည့် နေရာဖြစ်ကြောင်း သိရပါသည်။
