မြစ်ကြီးနား ရွှေစည်တော်ရွှေပန်တိမ် ဆိုင်တွင် ဓားပြတိုက်မှုဖြစ်ပွား
မြစ်ကြီးနားမြို့။ ၂၊အောက်တိုဘာလ၊၂၀၂၆
ဒီမနက် ၈ နာရီခွဲခန့်တွင် မြစ်ကြီးနားမြို့ ဈေး(၁)ဘက် ရွှေစည်တော် ရွှေပန်တိမ်ဆိုင်တွင် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါတယ်။
အဆိုပါဓားပြတိုက်မှုတွင် အမျိုးသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦး ပါဝင်ပြီး ပန်တိမ်ဆိုင်မှ အမျိုးသမီးတစ်ဦး အား ပိုက်ဆံတောင်းတာ မပေးသဖြင့် တုတ်ဖြင့် ခေါင်းကိုရိုက်ခဲ့ပြီး လက်ရှိတွင် ခေါင်းရိုက်ခံရသူ ၎င်းအမျိုးသမီးသည် ဆေးရုံရောက်နေကြောင့် သိရှိရပါတယ်။
“ရှေ့ရက်တွေမှာ သူတို့နှစ်ယောက်(ဓားပြ)က ပစ္စည်းတစ်ခုကို တစ်သိန်းနဲ့ အရင်သွားပေါင်တာ ဒီနေ့က သူတို့နှစ်ယောက်က ဒီနေ့က ဓားပြတိုက်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်လာပြီး အဲ့ဆိုင်က အမျိုးသမီးကို ပိုက်အရင်‌တောင်တာ ပိုက်ဆံမပေးလို့ တုတ်နဲ့ခေါင်းမှာ ရိုက်လိုက်တာ အခုဆေးရုံရောက်နေတယ်” လို့ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ဓားပြတိုက်သူ အမျိုးသားသည် ရေစင်ဈေးတွင် ငါးရောင်းသူဖြစ်ပြီး လက်ရှိတွင် သက်ဆိုင်ရာအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

Leave a Reply