
ဖားကန့်မြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ နဲ့ ခိုးဆိုးလုယက် ဓါးပြတိုက်သူ လူငယ်များ ပိုများလာ
ဖားကန့်မြို့။ ၂၂ ၊ နိုဝင်ဘာလ ၊ ၂၀၂၅ ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ( ဆယ်ကျော်သက် ) လူငယ်များက လမ်းသွားလမ်းလာ ( ပြည်သူများကို ) ဓါးထောက် ၊ ခြိမ်းခြောက်ပြီး ဖုန်း ၊ ဆိုင်ကယ် ၊ ပိုက်ဆံ စသည့် တန်ဖိုးရှိပစ္စည်းများ ကို ရိုက်နှက်လုယက်တာ များရှိကြောင်းကို ဒေသခံများထံမှသိရပါတယ်။
“လုံးခင်း ဆေးရုံ အခုတာ့ဖြိုလိုက်ပြီ ဖြစ်တဲ့ အဲ့ဒီလမ်းနေရာတွေမှာ ဓါးထာက်ပြီ ဖုန်းနဲ့ပစ္စည်း တွေလုတယ်။ပြီးတော့ ဒီနေ့ ( 11:00 am )နာရီဝန်းကျင် ကဋေကွန်ကရစ်လမ်းဘက်မှာ ဆိုင်ကယ်တွေနဲ့ ဝိုင်းပိတ်ပြီး ရိုက်နက်လုတာရှိတယ်တဲ့။ ကဋေအထက် နေရာတွေမှာ လုယက်တဲ့သူများက အသက် (၁၄ ၊ ၁၅ ) အရွယ်တွေ လူ ( ၅ ) ယောက် အထက်အုပ်စုလိုက်ဖြစ်ကြတယ်တဲ့။ နေ့ခင်းကြောင်တောင်ကြီးမှာကို လုနေကြတယ်” လို့ လုံးခင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ ဓါးပြတိုက်သူများထဲမှာ မူးယစ်ဆေးဝါးသုံးစွဲသူများလည်း ပါဝင်တာရှိပြီး လမ်းသွားလမ်းလာ ပြည်သူများကို နောက်ကနေလိုက် ချောင်းပြီး လူသူကင်းမဲ့ တဲ့နေရာတွေမှာ လုယက်တာ ဖြစ်ကြောင်း သူက ဆက်ပြောပြပါတယ်။
“ဆေးသမားတွေနဲ့ပူးပေါင်းထားတာလားမသိဘူး။ ကုတ်ချောင်းကုတ်ချောင်းနဲ့ နောက်ကလိုက်ပြီး လူရှင်းတဲ့ နေရာ ရောက်ရင် နောက် ပြေးလိုက်လာပြီး ဓါးပြတိုက်တာတဲ့”လို့ သူက ပြောပါတယ်။
ယမန်နေ့ က ဖားကန့် မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဖြစ်တဲ့ ( Pat Ja San ) များက မှော်ဆီစာရှိ မူးယစ်ဆေးသမားများ နေထိုင်တဲ့ အဆောက်အဦးများကို ဖျက်ဆီးပြီး ၊ မူးယစ်ဆေး သုံးစွဲသူနဲ့ ရောင်းသူ ( ၂၀၀ ) အထက်ကို ဖမ်းဆီးခဲ့ ကြောင်းလည်းသိရပါတယ်။
