မိုးညှင်းမြို့ ဘူတာအနီးတွင် ပြတ်ရှဒါဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတွေ့ရှိ
မိုးညှင်းမြို့နယ်။ ၇၊ အောက်တိုဘာလ၊၂၀၂၆
ကချင်ပြည်နယ် မိုးညှင်းမြို့ မိုးညှင်းဘူတာအနီးရှိ အနောက်ခြမ်းအမိန့်ရအပေါင်ဆိုင်၏ အိမ်ရှေ့တွင် ဝဲဖက်မျက်ခုံး ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲဘက်လက်ဖဝါးပြတ်ရှဒဏ်ရာ(၁)ချက်နှင့် ယာဘက်လက်ဖျံပြတ်ရှဒါဏ်ရာ(၁)တချက်ဖြင့် သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါသေဆုံးသူအမျိုးသားသည် အသက်(၄၀)နှစ်အရွယ် ဦးဇော်မင်း (ခ)ကြာပန်းဟုသိရပြီး စစ်ဘေးရှောင်တစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။
အခင်းဖြစ်ပွားခြင်းဖြစ်စဥ်ကို အနီးနားဝန်းကျင်မှ ပြည်သူများ၏ ပြောပြချက်များအရ နိုဝင်ဘာလ(၅)ရက်နေ့ ညပိုင်းတွင် စကားများရန်ဖြစ်သံများကြားရပြီးနောက် အုပ်စုလိုက် ဝိုင်းရိုက်စဉ် လက်လွန်သွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြပါသည်။
လက်ရှိအချိန်တွင် ကျူးလွန်သူများသည် ထွက်ပြေးလွတ်မြောက်နေပြီး ကျူးလွန်သူများ ကိုဖမ်းဆီး အရေးယူနိုင်ရန် ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်းထပ်မံသိရပါသည်။

Leave a Reply