မြစ်ကြီးနားမြို့ စန်းသော်တာဆေးရုံအနီးတွင် ကျင်းပိလူနာတစ်ဦးအား လာရောက်စွန့်ပစ်သွား
မြစ်ကြီးနားမြို့ စန်းသော်တာဆေးရုံအနီးတွင် ကျင်းပိလူနာတစ်ဦးအား လာရောက်စွန့်ပစ်သွား။ မြစ်ကြီးနားမြို့။ ၇၊အောက်တိုဘာလ၊၂၀၂၅ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စန်းသော်တာဆေးရုံအနီးတွင် အောက်တိုဘာလ (၅)ရက်နေ့က ကျင်းပိလူနာတစ်ဦးအား လာရောက်စွန့်ပစ်ခဲ့ကြောင်း သိရပါသည်။ စွန့်ပစ်ခံရသည့် ခြေထောက်၌ မြေကျင်းပိဒါဏ်ရာနှင့် လူနာအမျိုးသားသည် ဖားကန့်မှော်မှ ကျောက်ကုမ္ပဏီတစ်ခုတွင် ကျင်းလုပ်သားအဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး ကျင်းလောပန်းမှ တာဝန်ယူကာ ဆေးကုသပေးခြင်းမရှိဘဲ ယခုကဲ့သို့ လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦး၏ ပြောပြချက်အရသိရပါသည်။ ကျင်းလုပ်သားများ…
