ဇွန်လ နောက်ဆုံးပတ် ကချင်ပြည်နယ် အရပ်သားလူ့အခွင့်အရေးချိုးဖောက်မှု နဲ့ ထူးခြားဖြစ်စဉ်
ကချင်ပြည်နယ်။ ၃၀၊ဇွန်လ၊၂၀၂၆
ကချင်ပြည်နယ် ဇွန်လ နောက်ဆုံးပတ်တွင် လက်နက်ကြီး၊ မိုင်းပေါက်ကွဲမှုကြောင့် ၃ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရွှေကူမြို့တွင် အရပ်သား ၃ ဦး မတရားဖမ်းဆီးခံရမှု နဲ့ တိုက်ပွဲကြောင့် အရပ်သားများ ထွက်ပြေးသိမ်းရှောင်နေရပါတယ်။
ဇွန်လ ၂၇ ရက်နေ့တွင် ဖားကန့်ဒေသ စစ်ကော်မရှင်တပ် ထိန်းချုပ်ထားတဲ့ မရှီကထောင်ရပ်ကွက်တွင် မိုင်းပေါက်ကွဲမှုကြောင့် ဈေးဝယ်ပြီး ပြန်လာတဲ့ လင်မယားနှစ်ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။ ၎င်း သေဆုံးသူနှစ်ဦးမှာ မရှီကထောင်ရပ်ကွက်မှ ကိုစိုင်းဘူ နဲ့ ဒေါ်မျိုး တို့လင်မယားဖြစ်ပါတယ်။
လက်ရှိတွင် ကချင်ပြည်နယ်နေရာအနှံ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ရွှေကူမြို့တွင် တိုက်ပွဲအရှိန်အမြင့်ဆုံး ဖြစ်ပွားနေပါတယ်။
ရွှေကူမြို့နယ်ရဲ့ အနောက်ဘက် ဧရာဝတီမြစ်ဘက်ကမ်းမှ အရပ်သားပြည်သူများဟာ တိုက်ပွဲကြောင့် တောထဲ ထွက်ပြေးသိမ်းရှောင်နေပြီး ၎င်းတို့အတွက် အခြေခံ စားသောက်ကုန်၊ ဆေးဝါ နှင့် မိုးရာသီဖြစ်တဲ့အတွက် နေရာထိုင်ခင်း၊ အမိုးကာဖို့ မိုးကာများ အရေးပေါ်လိုအပ်နေပါတယ်။
ဇွန်လ ၂၂ ရက်နေ့တွင် ရွှေကူမြို့ ၊ ပင်စင်ကုန်း တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသား တစ်ဦးသေဆုံးခဲ့ပါတယ်။
တစ်ဆက်တည်း ဇွန်လ ၂၂ ရက်နေ့တွင် ရွှေကူမြို့ ထွေအုပ်ရုံးအနီးတွင် စစ်သားများစီးလာသည့် စစ်ကားတစ်စီး၊ သုံးဘီးကား တစ်စီး ကို တိုက်မိကာ အမျိုးသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
အခြားထူးခြားဖြစ်စဉ်
ဇွန် ၂၈ ရက် ဖားကန့် ဆိပ်မှုကျေးရွာအုပ်စု နမ့်မှော် ကျေးရွာ၊ သုံးသိန်းမှော်ဘက် မြေစာပုံ ပြိုကျမှုဖြစ်ခဲ့ပါတယ်။ ၎င်းမြေစာပုံပြိုကျမှုတွင် ရုပ်အလောင်း ၄ လောင်ရရှိထားကြောင့် လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားပါတယ်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန်သည် တရုတ်ပြည်မှ အပြန် ပြည်သူများ ကန့်ကွက်နေသည့် မြစ်ဆုံစီမံကိန်းတွင် ၈ နှစ်အတွင်း အကောင်အထည်ဖော်မည်ဟု ပြောပါတယ်။
ရွှေကူဒေသတွင် ပြည်သူများ အနေဖြင့် စစ်တပ် နဲ့ ပက်သက်ဆက်နွယ်ခြင်း နဲ့ သတင်းပေးခြင်း မပြုလုပ်ရန် KIA ဘက်မှ ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။
