
စစ်ကောင်စီတပ်ရဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းတွင် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား (၂၀)ကျော်သေဆုံး
လိုင်ဇာမြို့။ ၁၀.အောက်တိုဘာလ.၂၀၂၃
၉ရက် ည(၁၁း၀၀)ခန့်တွင် KIOဌာနချုပ်လိုင်ဇာမြို့၊ မုန်လိုင်ခက် စစ်ရှောင်စခန်းတွင် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် မုန်လိုင်ခက် စစ်ရှောင်စခန်းရှိ အရပ်သားပြည်သူ(၂၀)ဦးကျော်သေဆုံးခဲ့ပါသည်။
စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်သော တည်နေရာသည် KIAစစ်တပ်၊ စစ်တပ်ဆိုင်ရာအဆောက်အအုံများနဲ့ (၂)မိုင်ကျော် (၃)မိုင်ခန့်ကွာဝေးသောနေရာဖြစ်ပါသည်။
မုန်လိုက်ခက်တွင် ၂၀၁၁ခုနှစ် ကတည်းက တိုက်ပွဲတွေကြောင့် နမ်ဆမ့်ယာန်၊ လဂျားယာန်ရွာက စစ်ရှောင်များလာရောက်နေထိုင်သောရွာဖြစ်ပါသည်။
၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့တွင်လည်း အနန့်ပါကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ပြီး။ ယခုအကြိမ်ဗုံးကျဲတိုက်ခိုက်မှုသည် ဒုတိယအများဆုံး ထိခိုက်သေဆုံးမှုရှိသောဖြစ်စဉ်ဖြစ်ပါသည်။
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများရှိသည့်နေရာများတွင် ရည်ရွယ်ရှိရှိဗုံးကြဲတိုက်ခိုက်မှုနဲ့ စစ်ရာဇဝတ်များကို ပိုမိုကျူးလွန်လာပါသည်။
