
ဖားကန့် တွင် တစ်ပတ်တွင်း အရပ်သားပစ်သတ်ခံရမှုအပြင် နေ့ည လက်နက်ကြီးပေါက်ကွဲမှုကြောင့် လက်နက်စထိခိုက်လို့ ဒဏ်ရာရသူနဲ့ သေဆုံးသူများလည်းရှိ
ဖားကန့်မြို။ ၁၀၊နိုဝင်ဘာလ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့တွင် အရပ်သားများ ပစ်သတ်ခဲ့ရတဲ့အပြင် စစ်ကော်မရှင်တပ်များ အင်းအားဖြည့်တင်းလာပြီးနောက်ပိုင်း ဒေသတွင်း နေ့ည ဗုံးပေါက်ကွဲသံတွေရှိကာအရပ်သားထိခိုက် သေဆုံးမှုများရှိလာ ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ နိုင်ဘာလ (၆)ရက်နေ့က ဖားကန့် ၊ ယူမာ နဲ့ မရှီကထောင် ကျေးရွာများတွင် သေနတ်ဖြင့် ပစ်သတ်ခံရလို့ အမျိုးသား (နှစ်ဦး) သေဆုံးခဲ့ကြောင်းသိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ (၈) ရက်နေ့ လုံးခင်း၊လယ်ပြင် ဘက်သို့ စစ်ကော်မရှင် ရဲတပ်ရင်း (၃၀)လို့ ထင်ရတဲ့ ရဲတပ်သား ( ၁၀၀ ) ကျော် ဝန်းကျင်ခန့် စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။
ထိုသို့ စစ်ကော်မရှင်များ စစ်ကြောင်းထိုးလာပြီးနောက် ညနေပိုင်းတွင် ဖားကန့်မြို့ အဝင် ယူမာ သွားလမ်းကြားက ရွှေမြန်မာဆီဆိုင်နားမှာ ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မိုင်း ထိ၍ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် ဖားကန့်မြို့ ယူမာကျေးရွာရှိဘုန်းကြီးကျောင်းမှာ ညအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ရှိခဲ့ပြီး ကျောင်းဆောင် ပျက်စီးထိခိုက်မှုတချို့ရှိခဲ့သလို မကွဲသေးတာလည်း တွေ့ရကြောင်း ဒေသခံများထံမှ သိရပါတယ်။
အလားတူ ယမန်နေ့ နိုဝင်ဘာလ (၉) ရက်နေ့မနက် (၁၁) နာရီခန့်က ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ မိန်းလမ်းမကြီးပေါ် ဘုန်းကြီးကျောင်းအနီး စစ်ကားနောက် ဆိုင်ကယ်နဲ့ ကပ်ပါလာတဲ့ အသက် (၂၀) ဝန်းကျင်အမျိုးသမီးတစ်ဦး မိုင်းထိမှန်ပြီး သေဆုံးခဲ့ကြောင်းသိရပါတယ်။
လက်ရှိ ဖားကန့် တွင် စစ်ကော်မရှင် နဲ့ KIA တပ်များ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် လက်နက် ရမ်းတမ်းပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက် သေဆုံးမှု ရှိတဲ့အပြင် စိုးရိမ်နေရ ကြောင်းသိရပါတယ်။
