၂၀၂၄ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု
ကချင်ပြည်နယ်။ ၁၃.မတ်လ.၂၀၂၄
၂၀၂၄ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ အတွင်း ကချင်ပြည်နယ် တွင် မတရားဖမ်းဆီးခံရသူ (၁၈၇)ဦး ၊မတရားသတ်ဖြတ်ခံရသူ (၂၅)ဦး၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ (၂၀)ဦး နှင့် မတရားနှိက်စက်ခံရသူ(၁)ဦးရှိခဲ့ပါသည်။
ချိုးဖောက်ခံရမှုအများဆုံးမြို့နယ်မှာ ဗန်းမော်မြို့နယ်ဖြစ်ပြီး ဒုတိယချိုးဖောက်မှုအများဆုံးမှာ ဝိုင်းမော်မြို့နယ်ဖြစ်၍ တတိယအများဆုံးမှာ ဖားကန်မြို့ နှင့် မိုးကောင်မြို့နယ်များဖြစ်ပါသည်။ မံစီ၊ မိုးညှင်း၊မြစ်ကြီးနား နှင့် ပူတာအိုမြို့နယ် အသီးသီးတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေပါသည်။

Leave a Reply