၂၀၂၃ ခုနှစ် ဇူလိုင်လနှင့် ဒီဇင်ဘာလ (၆)လ အတွင်း ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှု နှင့် တိုက်ပွဲဖြစ်စဥ်
ကချင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လနှင့် ဒီဇင်ဘာလ (၆)လအတွင်း မတရားသတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှု၊ လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု၊ မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ အဓမ္မပြုကျင့်မှု၊ မတရားနှိပ်စက်မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် (၃၆၅)ကြိမ် ဖြစ်ပွားခဲ့ပါသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံး အမျိုးအစားမှာ မတရားဖမ်းဆီခံရမှုဖြစ်ပြီး ဒုတိယချိုးဖောက်မှုအများဆုံးမှာ မတရားသတ်ဖြတ်ခံရမှုဖြစ်စဉ်များဖြစ်ပွားခဲ့ပါသည်။ တတိယအများဆုံး ချိုးဖောက်ခံရမှုမှာ လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။ ထိုအပြင် မတရားနှိပ်စက်မှု ဖြစ်စဉ်(၃)ကြိမ်၊ မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဖြစ်စဉ်(၂)ကြိမ်နှင့် အဓမ္မပြုကျင့်မှု (၁)ကြိမ် ချိုးဖောက်မှုများဖြစ်ပွားခဲ့ပါသည်။
လူ့အခွင့်အ‌ရေးချိုးဖောက်မှုဖြစ်စဉ် အကြိမ်ရေအများဆုံးအဖြစ် ဖားကန့်မြို့နယ် (၁၇၂) ကြိမ်၊ ဗန်းမော်မြို့နယ် (၄၇) ကြိမ် နှင့် မိုးမောက်မြို့နယ် (၄၀) ကြိမ် စသဖြင့် ဖြစ်ပွားခဲ့ပါသည်။ထို့အပြ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော ဒေသများမှာ မိုးကောင်း၊ ဝိုင်းမော်၊ မြစ်ကြီးနား၊ ရွှေကူ၊ တနိုင်း၊ မိုးညှင်း၊ မချမ်းဘော တို့ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်များတွင် မတရားဖမ်းဆီးခံရမှု၊ မတရားသတ်ဖြတ်ခံရမှု နှင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဖြစ်စဥ်များသည် အမြင့်ဆုံးချိုးဖောက်ခဲ့ပါသည်။
ကချင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လနှင့် ဒီဇင်ဘာလ(၆)လအတွင်း စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်ပူပေါင်းတပ်တို့က တစ်ဖက် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်နှင့် PDF ပူပေါင်းတပ်တို့ကတစ်ဖက် တိုက်ပွဲ စုစုပေါင်း (၉၉)ကြိမ်ဖြစ်ပွားခဲ့ပါသည်။ ၎င်းတိုက်ပွဲ(၉၉)ကြိမ်အနက် (၂၀)ကြိမ်သည် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဖြစ်ပွားသော တိုက်ပွဲအကြိမ်ရေအများဆုံးသည် ဝိုင်းမော်မြို့နယ် (၃၂) ကြိမ်ဖြစ်ပွားခဲ့ပြီး ဒုတိယတိုက်ပွဲအကြိမ်ရေအများဆုံးမှာ ဖားကန့်မြို့နယ်တွင် (၂၇) ကြိမ်ဖြစ်ပွားခဲ့ပါသည်။ တတိယ တိုက်ပွဲအကြိမ်ရေအများဆုံးမှာ မိုးမောက်မြို့နယ်တွင် (၁၀) ကြိမ် စသဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ထို့အတူ ရွှေကူ၊ ဗန်းမော်၊ မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ မန်စီ၊ မိုးကောင်း နှင့် ဆွမ်ပရာဘွမ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွား

Leave a Reply