တော်လှန်ရေးတပ်ဖွဲ့များ ပြည်သူများရှိတဲ့ဘက် ဗုံးထောင်တာတွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရ၊သေဆုံးမှုတွေရှိခဲ့
တော်လှန်ရေးတပ်ဖွဲ့များ ပြည်သူများရှိတဲ့ဘက် ဗုံးထောင်တာတွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရ၊သေဆုံးမှုတွေရှိခဲ့။ ဖားကန့်မြို့။ ၉၊ ဒီဇင်ဘာလ ၂၀၂၅ ။ ကချင်ပြည်နယ် ဖားကန့် မြို့တွင် တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူများရှိတဲ့ နေရာများတွင်ကွမ်းယာခုံ၊ အချဉ်ပေါင်းလှည်းများဖြင့် ဗုံးထောင်တာတွေ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ "ပြည်သူကိုကာကွယ်မယ်ဆိုတဲ့ကောင်တွေရဲ့ ပြည်သူကြားဗုံးထောင်တဲ့အကြံစည်ပေါ့။ ဟိုတလောကပဲ မှော်စီဇာလမ်းမကြီးထဲ စစ်တပ်ဖြတ်တော့ အချည်ပေါင်းလှည်းထဲဗုံးထောင်ပြီး တိုက်ခိုက်ခဲ့တယ်။ အခုတော့…
