နမ္မားတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီမှနေ့စဉ်လက်နက်ကြီးဖြင့်ပစ်ခတ်နေသောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ

နမ္မားတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီမှနေ့စဉ်လက်နက်ကြီးဖြင့်ပစ်ခတ်နေသောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ မိုးညှင်းမြို့နယ်။ ၄.ဧပြီလ.၂၀၂၄ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်နေသောကြောင့်ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြပါသည်။ "တလပိုင်းလကုန်လောက်တုန်းကဆို စစ်တပ်က လက်နက်ကြီးနဲ့သုံးရက်ဆက်တိုက်ပစ်တာ။ရွာဖက်ကို အလုပ်လုပ်ရတာကအဆင်မပြေ။အခင်းထဲလဲမသွားရဲကြတော့ဘူး။ အသံကြားရင်တ‌ရွာလုံးပြေးကုန်ရော။ ပြေးစရာနေရာမရှိတဲ့သူ‌ တွေကတော့ ဗုံးကျင်းထဲပုန်းရတာ။ဗုံးကျင်းတူးတာတောင် ခိုးတူးရတယ်။စစ်တပ်က ဗုံးကျင်းတူးရင် ပြန်ဖို့ခိုင်းပြီး ပိုက်ဆံ(၇)သိန်းတောင်းတာ။"ဟု နမ္မားဒေသခံများပြောပြချက်အရသိရသည်။ စစ်ကောင်စီမှ၎င်းတို့ပစ်ခတ်လိုက်သော လက်နက်ကြီးမှန်၍ ထိခိုက်သေဆုံးသူများကို…

Continue Readingနမ္မားတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီမှနေ့စဉ်လက်နက်ကြီးဖြင့်ပစ်ခတ်နေသောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ

စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်မှ အင်းတော်ကြီးဒေသခံလေးဦးအား အကြောင်းမဲ့ဖမ်းဆီး

  စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်မှ အင်းတော်ကြီးဒေသခံလေးဦးအား အကြောင်းမဲ့ဖမ်းဆီး မိုးညှင်မြို့နယ်။ ၁၈၊ဇွန်လိုင်လ၊၂၀၂၄ ဇူလိုင်လ(၂)ရက်နေ့က အင်းတော်ကြီးဒေသခံအမျိုးသား(၄)ဦးအား ရှမ်းနီပြည်သူ့စစ်များမှ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ထိုအမျိုးသားလေးဦးသည် မိုးကောင်းမှ အင်းတော်ကြီးသို့ ပြန်သည့်လမ်းတွင် ဖမ်းဆီးခံရကြောင်းသိရသည်။ " အဖမ်းခံရတဲ့လေးယောက်က သူတို့ရဲ့အမျိုး မိုးကောင်းကို သွားတာ ၊သူတို့အမျိုးထဲက ကောင်လေးတယောက် ကိုမူးယစ်ဆေးဖြတ်ပေးဖို့ မိုးကောင်းမြို့နယ် လယ်မှီးဆေးဖြတ်စင်တာကိုသွားပို့ကြတာ၊ မိုးကောင်းကအပြန်မှ…

Continue Readingစစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်မှ အင်းတော်ကြီးဒေသခံလေးဦးအား အကြောင်းမဲ့ဖမ်းဆီး

ဒေါ့ဖုန်းယန်မြို့ ဒိန်ဂါယန်ကျေးရွာမှ ဘုရားကျောင်းနှင့် လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

  ဒေါ့ဖုန်းယန်မြို့ ဒိန်ဂါယန်ကျေးရွာမှ ဘုရားကျောင်းနှင့် လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ဒေါ့ဖုန်းယန်မြို့။ ၁၅.အောက်တိုဘာ.၂၀၂၃ အောက်တိုဘာလ ၁၅ရက် မနက် (၈း၁၅)နာရီခန့်တွင် ခလရ(၄၁၅) စစ်ကောင်စီတပ်က မြစ်ကြီးနား- ဗန်မော်လမ်းမပေါ်ရှိ ‌ ဒိန်ဂါယန်ကျေးရွာမှ ဘုရားကျောင်းအပါအဝင် လူနေအိမ် (၁၆)အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။ အောက်တိုဘာလ ၁၄ရက်နေ့ ညအချိန်တွင်လည်း စစ်ကောင်စီတပ်နှင့် KIAတပ်တို့က ဒိန်ဂါယန်ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင့်သိရပါသည်။…

Continue Readingဒေါ့ဖုန်းယန်မြို့ ဒိန်ဂါယန်ကျေးရွာမှ ဘုရားကျောင်းနှင့် လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး