အင်းတော်ကြီးဒေသက (SNA) ရှမ်းနီလက်နက်ကိုင်များအကြမ်းဖက်သောင်းကျန်းနေ

  ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက ရှမ်းနီလက်နက်ကိုင်များဟာ အရပ်သားပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ရိုက်နှက်ခြင်း၊ငွေများသိမ်းယူခြင်းများပြုလုပ်နေတယ်လို့ သိရပါတယ်။ နန့်မွန်းKBC ဘုရားကျောင်းနဲ့ နန့်မွန်းစာသင်ကျောင်းမှာရှမ်းနီလက်နက်ကိုင်များဟာတပ်စွဲထားပြီး စစ်ဆေးရေးဂိတ်အဖြစ်ဘန်ကာများနဲ့အခိုင်အမာတည်ဆောက်ထားပါတယ်။နန့်မွန်းKBC ဘုရားကျောင်းမှ ဓမ္မဆရာဖြစ်သူ ဆရာသွေးနှောင်းထွေးအား ဇွန်လ၁၅ရက်နေ့က မည်သည့်နေရာတွင်မဆို အသေပစ်သတ်ရန် အမိန့်ထုတ်ထားကြောင်း ဒေသခံများပြောပြချက်အရ သိရပါတယ်။ ဇူလိုင်လ၁ရက်နေ့က ဟိုပင်မှာ လယ်ယာသုံးစက်ပစ္စည်းဝယ်ဖို့အတွက် ငွေ၂၅သိန်းကျပ်ကိုဆိုင်ကယ်တူးဘောက်ထဲထည့်လာတဲ့ အင်းတော်ကြီးဒေသခံတဦးဆီကနေ ဆိုင်ကယ်နဲ့ငွေအားလုံးကို အတင်းအဓမ္မသိမ်းယူသွားတယ်လို့ နှစ်နာသူကာယကံရှင်အမျိုးသားက…

Continue Readingအင်းတော်ကြီးဒေသက (SNA) ရှမ်းနီလက်နက်ကိုင်များအကြမ်းဖက်သောင်းကျန်းနေ

မိုးညှင်းမြို့နယ်တွင် လူငယ်များအား အိမ်အတွင်းသို့ဝင်ရောက်ဖမ်းဆီးနေ၊တလအတွင်း လူငယ်၁၀ဦးထက်မနည်းဖမ်းဆီးခံရ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင်းရှိ ကျေးရွာများတွင် ရှမ်းနီပြည်သူ့စစ်မှ လူငယ်များအား နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးနေကြောင်း ဒေသခံများကပြောသည်။ "၈လပိုင်း၂၅ရက်နေ့ကရွာမှာ ည၈နာရီတောင်မထိုးသေးဘူး ကောင်လေးတယောက်ကို ရှမ်းနီပြည်သူ့စစ်‌တွေ အိမ်အထိလာဖမ်းခေါ်တာ၊အဲ့ကောင်လေးကို သေနတ်နဲ့ထောက်ထားပြီး စကားမများဘဲ လိုက်ခဲ့ဆိုပြီး ခေါ်သွားတာ၊ ဖမ်းခံရတဲ့ကောင်လေးကတဦးထဲ‌ သောသားဟုတ်တယ်၊အသက်က၂၄နှစ်ဘဲရှိသေးတယ်။ကားသုံးစီးနဲ့ ရောက်လာကြပြီးတော့ နာမည်မေးပြီး လက်ထိပ်ခတ်ဖမ်းခေါ်သွားတာ ၊အဲ့‌ကောင်လေးရဲ့မိဘတွေက ဘာဖြစ်လို့ဖမ်းတာလဲ ၊ဘာအပြစ်ရှိလို့လဲလို့မေးတော့ စကားမများနဲ့ ဆူဆူညံညံအသံမထွက်နဲ့ဆိုပြီးတော့သေနတ်နဲ့ချိန်ထားလို့ မတားရဲဘူး။"ဟုဖမ်းဆီးခံရသည့် ကောင်လေးနှင့်နီးစပ်ရာ…

Continue Readingမိုးညှင်းမြို့နယ်တွင် လူငယ်များအား အိမ်အတွင်းသို့ဝင်ရောက်ဖမ်းဆီးနေ၊တလအတွင်း လူငယ်၁၀ဦးထက်မနည်းဖမ်းဆီးခံရ

မံစီမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရ

  မံစီမြို့နယ်။ ၄.မတ်လ.၂၀၂၄ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် မောရဝတီရပ်ကွက်ဘက်သို့ မံစီမြို့ ခမရ (၆၀၁)တပ်မှ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်(၁၁)နှစ်ကလေးငယ်၏ ခြေတစ်လုံး နှင့် ဗိုက် ဘယ်ညာ နှစ်ဖက်စလုံးတွင် နက်လက်ကြီးထိမှန်က ဒဏ်ရာအပြင်းအထန်ရရှိ၍ လက်ရှိအချိန်တွင် ဗန်းမော်ဆေးရုံတွင် ဆေးကုသခံနေရပါသည်။ ဖေဖော်ဝါရီလ…

Continue Readingမံစီမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရ