မိုးညှင်းမြို့နယ်တွင် လူငယ်များအား အိမ်အတွင်းသို့ဝင်ရောက်ဖမ်းဆီးနေ၊တလအတွင်း လူငယ်၁၀ဦးထက်မနည်းဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင်းရှိ ကျေးရွာများတွင် ရှမ်းနီပြည်သူ့စစ်မှ လူငယ်များအား နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးနေကြောင်း ဒေသခံများကပြောသည်။ "၈လပိုင်း၂၅ရက်နေ့ကရွာမှာ ည၈နာရီတောင်မထိုးသေးဘူး ကောင်လေးတယောက်ကို ရှမ်းနီပြည်သူ့စစ်တွေ အိမ်အထိလာဖမ်းခေါ်တာ၊အဲ့ကောင်လေးကို သေနတ်နဲ့ထောက်ထားပြီး စကားမများဘဲ လိုက်ခဲ့ဆိုပြီး ခေါ်သွားတာ၊ ဖမ်းခံရတဲ့ကောင်လေးကတဦးထဲ သောသားဟုတ်တယ်၊အသက်က၂၄နှစ်ဘဲရှိသေးတယ်။ကားသုံးစီးနဲ့ ရောက်လာကြပြီးတော့ နာမည်မေးပြီး လက်ထိပ်ခတ်ဖမ်းခေါ်သွားတာ ၊အဲ့ကောင်လေးရဲ့မိဘတွေက ဘာဖြစ်လို့ဖမ်းတာလဲ ၊ဘာအပြစ်ရှိလို့လဲလို့မေးတော့ စကားမများနဲ့ ဆူဆူညံညံအသံမထွက်နဲ့ဆိုပြီးတော့သေနတ်နဲ့ချိန်ထားလို့ မတားရဲဘူး။"ဟုဖမ်းဆီးခံရသည့် ကောင်လေးနှင့်နီးစပ်ရာ…
