ဖားကန့်မြို့နှင့်ဆိုင်း‌တောင်၏ လက်ရှိအ‌ခြေအ‌နေအား ဖားကန့်စစ်ဘေးရှောင်များ၏ပြောပြချက်များ

အောက်တိုဘာ ၃ ၊ ဖားကန့် ဖားကန့်မြို့၏စစ်ရေးအခြေအနေက အလွန်ပြင်းထန်နေပြီး နှစ်ဖက်လက်နက်ကိုင်များ၏အပြန်အလှန် ပစ်ခတ်မှုများကြောင့်လူများစွာသေဆုံးပြီး ထိခိုက်ဒါဏ်ရာရသူများလာကြောင်း မိုးညှင်းသို့ စစ်ဘေးရှောင်လာသူအမျိုးသမီးကပြောသည်။ "ကျမတို့မိုးညှင်းကိုမရှောင်ခင် စက်တင်ဘာ၁၇ ရက်နေ့ နေ့လည်တနာရီ‌လောက်မှာ ဖားကန့် လျှပ်စစ်ရုံးနား မီတာဆောင်ကြတဲ့ပြည်သူတွေအများကြီးရှိနေတဲ့အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကျဲတာ လူတွေ အများကြီးသေကုန်တယ်။ အမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်ကျမရှေ့တင်ဘဲ ခါးပြတ်ပြီးသေသွားတယ်။လေးယောက်က ဒါဏ်ရာတော်တော်ပြင်းတယ်၊ဗုံးစမှန်လို့ ဒါဏ်ရာရတဲ့သူတွေလဲ အများကြီးဘဲ၊ အိမ်တွေလဲ မီးလောင်ကုန်တယ်၊မီးလောင်နေတဲ့ကြားထဲပြေးကြလွှားကြနဲ့ အလောင်းကောက်မဲ့သူတောင်မရှိဘူး၊"ဟုယင်းအမျိုးသမီးကပြောသည်။…

Continue Readingဖားကန့်မြို့နှင့်ဆိုင်း‌တောင်၏ လက်ရှိအ‌ခြေအ‌နေအား ဖားကန့်စစ်ဘေးရှောင်များ၏ပြောပြချက်များ

ရှမ်းနီတရားစီရင်‌ရေးအဖွဲ့ဆိုသူများမှခြိမ်းခြောက်စာပစ်မှုပိုမိုများလာ

  မိုးညှင်းမြို့။ ကချင်ပြည်နယ်မိုးညှင်းမြို့နယ်၊ အောင်သပြေရပ်ကွက်ရှိ ကချင်ရိုးရာမနောကွင်းထဲသို့ ရှမ်းနီတရားစီရင်ရေးတံဆိပ်ခြင့်သတိပေးခြိမ်းခြောက်စာကို ၂၀၂၄ ခနှစ်သြဂုတ်(၂၉)ရက်နေ့တွင်ပစ်ထားခဲ့မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ယင်းခြိမ်းခြောက်စာတွင် ပါဝင်သည့် အကြောင်းအရာများမှာ ရှမ်းနီတွေကိုသတ်ဖြတ်ခြိမ်းခြောက်နေတဲ့ ကချင်တွေ သတိထားပြီးနေကြရန်၊ မိုးညှင်း ကက်သလစ်ဘုန်းကြီပစ်ခံရမှု၊ သစ်တောဝန်ထမ်းဦးဘောက်လာနဲ့ ဦးကျော်ခိုင်စိုး ပစ်သတ်ခံရမှုကဲ့သို့သောဖြစ်စဉ်များကိုမြင်ကြဖို့အတွကစာတွေဖော်ပြထားတာတွေ့ရပါတယ်။ " ခြိမ်းခြောက်စာထဲ့မှာက ရှမ်းနီများကိုသတ်ဖြတ်နေသည့် ကချင်တွေသတိထားပြီးနေကြဖို့ အတွက်ပြောတယ်" လို့ အသက် (၄၀) ဝန်းကျင်အမျိုးသားတစ်ဦးက Voice for…

Continue Readingရှမ်းနီတရားစီရင်‌ရေးအဖွဲ့ဆိုသူများမှခြိမ်းခြောက်စာပစ်မှုပိုမိုများလာ

မိုးညှင်းမြို့ အထက(၃) ကျောင်းအုပ်ကြီးအား ရှမ်းနီပြည်သူ့စစ်မှ ကျောင်း၌အခန်းနှစ်ခန်းပေးရန်တောင်း

  မိုးညှင်မြို့။ ၂၅၊စက်တင်ဘာလ၊၂၀၂၄ မိုးညှင်းမြို့ အထက(၃) အုတ်ကျင်း ကျောင်းအုပ်ဆရာမကြီးအား စက်တင်ဘာလ ၉ ရက်နေ့တွင် ရှမ်းနီပြည်သူစစ် အင်အား(၂၀)ခန့်သည် ကျောင်းရှိ အခန်းနှစ်ခန်းကို သူတို့နေရန် လာတောင်းချိန်တွင် ကျောင်းအုပ်ကြီးမှ မပေးသောကြောင့် ကျောင်းအုပ်ကြီးထံမှ ပိုက်ဆံကို ဓားမြတိုက်သကဲ့သို့ လက်နက်ပြကာ တောင်းယူသွား တဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ “ ရှမ်းနီပြည်သူ့စစ်တွေက ကျောင်းအုပ်ကြီးဆီမှာ ကျောင်းမှာ သူတို့နေဖို့အတွက် အခန်းနှစ်ခန်းတောင်းတော့…

Continue Readingမိုးညှင်းမြို့ အထက(၃) ကျောင်းအုပ်ကြီးအား ရှမ်းနီပြည်သူ့စစ်မှ ကျောင်း၌အခန်းနှစ်ခန်းပေးရန်တောင်း