စစ်ကောင်စီတပ်မှ အရပ်သားတစ်ဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်
https://youtu.be/Y-zZ-l1Yt8c?si=ESvfjsdvBSQrX66I
https://youtu.be/Y-zZ-l1Yt8c?si=ESvfjsdvBSQrX66I
မြစ်ကြီးနားမြို့တွင်း အမျိုးသမီးများလုယက်ခံရမှု များလာ မြစ်ကြီးနားမြို့။ ၁၈၊ဇွန်လ၊၂၀၂၅ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်တွင် ယမန်နေ့ က အမျိုးသမီးနှစ်ဦး ရန်ကြီးအောင်လမ်းအဝင်မှာ ဆိုင်ကယ်ပေါ်မှ နားကပ်လုယက်ခံရကြောင်းသိရပါတယ်။ "ဟုတ်တယ်။ မြစ်ဆုံဟိုတယ်နား ရန်ကြီးအောင်သံလမ်းဘက်တဲ့။ နားကပ်တစ်ဖက်ပါသွားတယ်လို့ပြောတယ်။" လို့ လုယက်ခံရသူ၏အသိအမျိုးသမီးတစ်ဦးကပြောပါတယ်။ ထို့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်နေ့ကလည်း မြေမြင့်လမ်းကြားတစ်ခုတွင် အသက် (၄၀)အရွယ်အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်လုပြီးဓားခုတ်ခံရရှိခဲ့ကြောင်း သူမက…
ပူတာအိုမြို့ စစ်ကောင်စီဗျုဟာစစ်တပ်မှ စစ်ဆေးရန်ရှိသည်ဟုဆိုကာဖမ်းဆီးခေါ်ဆောင်သွားတဲ့လူငယ်တစ်ဦး တစ်ပတ်ကျော်သည့်အထိပြန်မလွတ်လာသေး ပူတာအိုမြို့။ ၁၈၊ ဇွန်လ၊၂၀၂၅ ကချင်ပြည်နယ် ပူတာအိုမြို့ နမ်ရှယ်ကျေးရွာတွင် ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့မှာ ပူတာအို စစ်ကောင်စီဗျုဟာတပ်က စစ်သားများမှ အိမ်သို့ပြန်လာသော လူငယ်တစ်ဦး (မောင်အဝါလ်ဒီးဗေး)ကို စစ်ဆေးမေးမြန်းစရာများ ရှိသည်ဟုဆိုကာညသန်းခေါင်အချိန်တွင်ကားတစ်စီးဖြင့်ခေါ်ဆောင်သွားကြောင်းသိရပါတယ်။ ''ညသန်းခေါင်မှာ သူတို့အိမ်ရှေ့ကိုကားတစ်စီးရောက်လာပြီး စစ်သားတွေရော၊ ပြည်သူ့စစ်တွေရောပါလာတယ်။ ကောင်လေးကိုစစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ဘယ်ကိုခေါ်သွားမှန်းတော့မသိဘူး။ ကောင်လေးက အိမ်ကိုပြန်ရောက်လာတာ…