ဟိုပင်မြို့ တကွင်းရွာရှိ ဆန်စက်တစ်ခုတွင် ဓားပြတိုက်မှုဖြစ်ခဲ့ပြီး သိန်း(၁၅၀၀)ပါသွား
ဟိုပင်မြို့။ ၈၊ အောက်တိုဘာလ၊၂၀၂၆
ကချင်ပြည်နယ် ဟိုပင်၊ တကွင်းကျေးရွာရှိ ဆန်စက်တွင် အောက်တိုဘာ ၇ ရက်နေ့ ည၇နာရီခွဲဝန်းကျင်ခန့်တွင် ဓါးမြတိုက်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။
“တကွင်းကဒေါ်နိုင်းဆန်စက်ဓါးမြတိုက်ခံရတယ် ၊‌ ငွေသားသိန်း(၁၅၀၀)ပါသွားတယ်လို သိရတယ် ၊ဓါးမြက အယောက်(၂၀) ကျော်တယ်လို့ ပြောတယ် ၊‌သူတို့အဖွဲ့မှာ သေနတ်‌ပါတယ်တဲ့” ဟု တကွင်းကျေးရွာခံတစ်ဦးထံမှ သိရပါသည်။
ဓါးမြတိုက်ခံရသည့်ဒေါ်နိုင်းသည် မကြာသေးမှီ ရက်ပိုင်းကပင် သိန်း(၃၀၀၀)တန်ကားတစ်စီးဝယ်ယူခဲ့ ကြောင်းသိရပြီး ဓါးမြတိုက်မှုကို အမှုဖွင့်တိုင်ကြားခြင်းမရှိခဲ့ ကြောင်း ထပ်မံသိရပါသည်။
မတ်လ(၄)ရက် နေ့ကလည်း ဟိုပင် မြသီတာရပ်ကွက်တွင် ကလေးတစ်ဦးအပါအဝင်(၆)လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပါသေးသည်။

Leave a Reply