ကချင်ပြည်နယ်မှာ မိုးရာသီအတွင်း ရာသီဥတု‌ ဖောက်ပြန်လို့ ဒေသခံများနေပူပြင်းဒဏ်ခံနေရ
ကချင်ပြည်နယ်။ ၁၄၊ဇွန်လ၊ ၂၀၂၅
ကချင်ပြည်နယ်တွင် ပုံမှန် ရာသီဥတုမှာ မေလ ကုန်မှစပြီး မိုးရာသီဝင်လာပြီဖြစ်‌သော်လည်း တစ်နှစ်နဲ့ တစ်နှစ် ရာသီဥတု ဖောက်ပြန်လာတာကြောင့် ကချင်ဒေသခံပြည်သူများ မိုးရာသီအတွင်း နေပူပြင်းဒဏ်ခံနေရကြောင်း ‌သိရပါတယ်။
မြစ်ကြီးနားမြို့တွင် ရာသီဥတု လွန်ကဲစွာပူပြင်းလာတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေး၊ က‌ လေးငယ်မိခင်များ နာမကျန်းဖြစ်သူများရှိလာ ကြောင်း မြို့ခံ များကပြောပါတယ်။
” နေတော့ တော်တော်ပူတယ်။ အရေးထဲ လျှပ်စစ်မီးကမလာဘူး။ လူကြီး၊ကလေး၊ ကလေးမိခင်တွေကအတွက်ဆို ပိုဆိုးတယ်။ တစ်ချို့က နာမကျန်း တောင်ဖြစ်ကြတယ်။” လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
ထို့အပြင် ဟိုပင်မြို့တွင်လည်း လူကြီးတစ်ဦး ရာသီဥတုပူလွန်းလို့ သတိလစ်သွားတာရှိ ကြောင်း ဒေသခံများက ပြောပါတယ်။
“ကုလာထိုင်မှ ထိုင်ပြီး Wifi သုံးနေတာ သူ့ဟာသူသတိလစ်သွားတယ်။ နေပူလွန်းလို့ ရှော့ဖြစ်သွားတာထင်တယ်” လို့ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဆိုပါ ရာသီဥတုပူပြင်းတာကြောင့် battery ပန်ကာများကို အလုအယက်ဝယ်နေရကြောင်း မြစ်ကြီးနားမြို့ခံများက ပြောပါတယ်။
” ပန်ကာအလုအယက်ဝယ်‌နေရတယ်။ နေက တော်တော်ပူတယ်။ မီးကမလာတာ့ battery ပါတဲ့ ပန်ကာကို လုပြီးဝယ်နေရတယ်” လို့ မိခင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်တွင် လျှပ်စစ်မီးကို ပုံမှန် ၅နာရီခြားနဲ့ ‌‌သတ်မှတ်‌ပေးသော်လည်း တစ်ချို့ မီးမပျက်တဲ့ နေရာ‌ရှိသလို၊ သတ်မှတ်ထားတဲ့အတိုင်း မီးမလာတဲ့ နေရာများစွာရှိ နေ ကြောင်း သိရပါတယ်။
ပြီးခဲ့ ဇွန်လဆန်းပိုင်းမှာ မိုးများပြီး ကချင်ပြည်နယ်ရှိ မြို့နဲ့ ကျေးရွာတစ်ချို့ ရေဘေးကြုံ တွေ့ခဲ့ရပြီး၊ စစ်ကောင်စီမှလည်း ကား၊ဆိုင်ကယ် လိုင်စင်များ ဖမ်းဆီးခဲ့တာရှိ ကြောင်းသိရပါတယ်။

Leave a Reply