တော်လှန်ရေးတပ်ဖွဲ့များ ပြည်သူများရှိတဲ့ဘက် ဗုံး‌ထောင်တာတွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရ၊သေဆုံးမှုတွေရှိခဲ့။
ဖားကန့်မြို့။ ၉၊ ဒီဇင်ဘာလ ၂၀၂၅ ။
ကချင်ပြည်နယ် ဖားကန့် မြို့တွင် တော်လှန်‌ရေးတပ်ဖွဲ့များက ပြည်သူများရှိတဲ့ နေရာများတွင်ကွမ်းယာခုံ၊ အချဉ်ပေါင်းလှည်းများဖြင့် ဗုံးထောင်တာတွေ ပြုလုပ်‌နေကြောင်း ဒေသခံများထံမှ သိရပါတယ်။
“ပြည်သူကိုကာကွယ်မယ်ဆိုတဲ့ကောင်တွေရဲ့ ပြည်သူကြားဗုံးထောင်တဲ့အကြံစည်ပေါ့။
ဟိုတလောကပဲ မှော်စီဇာလမ်းမကြီးထဲ စစ်တပ်ဖြတ်တော့ အချည်ပေါင်းလှည်းထဲဗုံးထောင်ပြီး တိုက်ခိုက်ခဲ့တယ်။ အခုတော့ နောက်တမျိုးကြံကြတယ်။ ဒီတခါက ကွမ်းယာခုံဗုံး‌ပေါ့။ မှော်စီဇာထဲမှာပဲ။ ကွမ်းယာခုံပုံစံလုပ်ပြီး ဗုံးထည့်ထားတာ။ စစ်တပ်လာနိုင်မယ့် ရွာလမ်းတွေထဲ လိုက်ထောင်တာ။ လာရင်ခွဲမယ်ပေါ့။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်များထောင်ထားတဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရ သေဆုံးတာ တွေလည်းရှိခဲ့ကြောင်း ၎င်းက ဆက်ပြောပါတယ်။
” စစ်တပ်က မှော်ထဲကို ဟက်ချလောင်းဆိုရောက်လာတာမဟုတ်ဘူး။ ကားမိုင်းလမ်းအတိုင်း ဒီအတိုင်းတက်လာတာ။ တောထဲမှာ ဆင်လောက်မိုင်းပဲထောင်ထောင် ညံ့တဲ့ကောင်ခံ ချကြပေါ့။ အခုတော့မှော်ထဲရောက်မှ ရွာထဲမှာဗုံးလိုက်ထောင်။ အရင်တခေါက်ကလည်း ပြည်သူသေပြီးပြီးလေးငါးယောက်။ ဒီတခါပြန်ခွဲရင် ဘယ်လောက်သေအုံးမလဲမသိဘူး။” လို့ သူက ပြောပါတယ်။
ထိုသို့ တော်လှန်ရေးတပ်များထောင်ထားတဲ့ မှိုင်းများကို စစ်ကော်မရှင်တပ်များက မူးယစ်ဆေးသုံးစွဲသူများထံ ငွေ‌ကြေးပေးပြီးလိုက်လံရှင်းလင်းခိုင်းနေရသလို၊ မှိုင်းရှင်းပေးဖို့ လက်မခံတဲ့ မူးယစ်ဆေးသမားများကို စစ်ကော်မရှင်များက ပစ်သတ်တာရှိကြောင်း သိရှိရပါတယ်။
ဖားကန့်မြို့တွင် တိုက်ပွဲများဖြစ်နေပြီး စစ်ကော်မရှင်နဲ့ ပြည်သူစစ်များက ဆက်လက် အင်အားဖြည့် စစ်ကြောင်းထိုးနေသလို၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉) နေ့ စစ်ကော်မရှင် စစ်ကြောင်းထိုးလာတဲ့ကားများကို မှိုင်းခွဲရှင်းလင်းရာတွင် ကားနောက်ဆိုင်ကယ်ဖြင့်ကပ်ပါလာသည့်အမျိုးသမီး မှိုင်းစထိမှန်ပြီး သေဆုံးတာရှိခဲ့ပါတယ်။

Leave a Reply