
အပိုင်း(၂)ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ် (၁၀၀)ဖော်ပြလာရာတွင် ကချင်ပြည်နယ်က မြို့နယ် (၃)ခုပါဝင်
ကချင်ပြည်နယ်။ ၂၉၊အောက်တိုဘာလ၊၂၀၂၅
စစ်ကော်မရှင်မှ အပိုင်း (၂) ရွေးကောက်ပွဲကျင်းပမည့် ရက်စွဲကို ၂၀၂၆၊ ဇန်နဝါရီလ ၁၁ ရက်နေ့ သတ်မှတ်လိုက်ပြီဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်ထဲက မြို့နယ် (၁၀၀) တွင် ကျင်းပဖို့ ယမန်နေ့ ရက်စွဲဖြင့်ဖော်ပြလာပါတယ်။
အဆို မြို့နယ် (၁၀၀)ခု တွင် ကချင်ပြည်နယ်က ဝိုင်းမော်မြို့နယ်၊ မချမ်းဘောမြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့ပါဝင်လာတာကို တွေ့ရပါတယ်။
စစ်ကော်မရှင်၏ အပိုင်း(၁) ရွေးကောက်ပွဲကျင်းပမည့် ၂၀၂၅ ဒီဇင်ဘာလ(၂၈) ရက်စွဲတွင် ကချင်ပြည်နယ် မြို့နယ် (၆)ခု ဖြစ်တဲ့ မြစ်ကြီးနား၊ပူတာအို၊ ခေါင်လန်ဖူး၊ တနိုင်း၊ မိုညင်းနှင့် နောင်မွန်မြို့နယ်ပါဝင်ပါတယ်။
ကချင်ပြည်နယ်မြို့နယ် (၁၈) မြို့နယ် ရှိသည့်အနက် စစ်ကော်မရှင် ပြုလုပ်မည့် အပိုင်း(၁) နဲ့ (၂) ရွေးကောက်ပွဲတွင် စုစုပေါင်း မြို့နယ် (၉)ခု ဖြစ်လာပါတယ်။
