
လူပျောက်ကြော်ငြာ
နမ္မတီးမြို့။ ၁၊အောက်တိုဘာလ၊၂၀၂၅
စက်တင်ဘာ(၂၉) ညနေပိုင်းတွင် နမ္မတီးမြို့မှ အသက် (၁၀) နှစ်အရွယ် မောင်တူးခေါင်ဆိုသူ ပျောက်ဆုံးသွားသောကြောင့် မိဘများမှ အကူအညီတောင်းခံခြင်း ဖြစ်ပါသည်။
နန့်ယားမှ ယခု လက်ရှိ နမ္မတီးမြို့တွင် စစ်ရှောင်နေသူဖြစ်ပြီး ပျောက်ဆုံးသွားသည့် ကလေးသည် စကားမပြောနိုင်သူဟုသိရကာ ၎င်းအား တူးခေါင်ဟုခေါ်ဆိုလျှင် သိသည်ဖြစ်ပြီး ပျောက်ဆုံးချိန်တွင် အင်္ကျီအပြာရောင်ဝတ်ထားကြောင်း ကလေး၏မိဘများမှ ပြောသည်။
ကလေးပျောက်ဆုံးခြင်းကို လူမူကွန်ယက်စာမျက်နှာပေါ်ရေးတင်ရာခဲ့ရာ အမျိုးသမီးတဦးမှ မခေါဒီရွာဖက် ၃၀ ရက်နေ့ မနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း မှတ်ချက်ပေးလာခဲ့သောကြောင့် မခေါဒီရွာဖက် စုံစမ်းသော်လည်း သတင်းအစအန မရရှိသေးကြောင်း ပြောပါသည်။
ကချင်ပြည်နယ်အတွင်းတွင်ကလေးသူငယ် ပျောက်ဆုံးမှု ဖြစ်စဉ်များပြားလာပြီး စက်တင်ဘာလ(၂)ရက် ညနေပိုင်းတွင်လည်းမြစ်ကြီးနားမြို့နောင်နန်းကျေးရွာမှ အသက်(၆)နှစ်အရွယ် မလဘူမေရီနန်ဇင်ဆိုသူပျောက်ဆုံးခဲ့ပြီး သုံးရက်အကြာတွင် သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ပါသည်။
ဆက်သွယ်ရန်
Ph 09757565274
