
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေထည့်ဝင်ရန် ထွေအုပ်ရုံးကစည်းအဝေးခေါ်ပြီး ညွှန်ကြားနေ
မိုးညှင်းမြို့။ ၁၊ဧပြီလ၊၂၀၂၅
မိုးညှင်းမှာ မန္တလေးငလျင်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ဖို့ဆိုပြီး အလှူငွေထည့်ရန် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ၃၁ မတ်လ နေ့လည် ၁နာရီမှာ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အစည်းဝေးမှာ မိုးညှင်းမြို့က လုပ်ငန်းရှင်များကို ဖိတ်ကြားပြီ သဒ္ဒါကြေး ထည့်ဝင်ရန်ပြောကြားပေမယ့် သတ်မှတ်ထားတဲ့ငွေပမာဏက သိန်း(၅၀၀၀)ကျပ်ပြည့်အောင်ထည့်ဝင် ပေးရမယ်လို့ ထွေအုပ်ရုံးကပြောကြားတယ်လို့ စည်းဝေးမှာပါဝင်တက်ရာက်ခဲ့ရတဲ့သူတွေရဲ့နီးစပ်ရာအသိုင်းအဝိုင်းကသိရပါတယ်။
ထွေအုပ်က မန္တလေးငလျင်ဘေးသင့်ပြည်သူကိုကူညီဖို့အတွက် လှူခံတာကလဲ ခပ်ရင့်ရင့်ဘဲ၊ သဒ္ဒါကြေးထည့်လို့ရတယ်လဲ ပြောသေး သိန်း(၃၀၀၀)ဘဲရသေးတယ်တဲ့ သိန်း၅၀၀၀ပြည့်အောင်ထည့်ပေးရမယ်ဆိုတော့ အလှူခံတာနဲ့မတူဘဲ မရမက ထည့်ကိုထည့်ရမယ်ဆိုပြီး အမိန့်ပေးတဲ့ပုံစံဖြစ်နေပြီ။လို့ စည်းဝေးမှာပါဝင်တက် ရောက်ခဲ့တဲ့သူနဲ့နီးစပ်ရာအသိုင်းဝိုင်းကပြောပါတယ်။
ဒီကနေ့အစည်းဝေးမှာ ဟော်တယ်လုပ်ငန်းရှင်များ၊စက်သုံးဆီကုန်သည်ကြီးများ ၊ကုန်မာဆိုင်ပိုင်ရှင်များ စတဲ့ လုပ်ငန်းရှင်များကို တက်ရောက်ရန်ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
