တနိုင်းဆေးရုံတွင် ဆရာဝန်များရဲ့ ပေါ့ဆမှုကြောင့် လူနာအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟုဆို
တနိုင်းမြို့။ ၅၊ဩဂုတ်လ၊၂၀၂၅
လူမှုကွန်ယက်တွင် သေဆုံးသူ၏သူငယ်ချင်းဟုဆိုသူမှရေးသာချက်အရ
အမျိုးသမီးတစ်ဦးသည် ရာသီသွေးမကြာခဏဆင်းတာကြောင့် တနိုင်းဆေးရုံသို့သွားပြရာမှ သားအိမ်ခြိမ်းပြီး သားအိမ်ပေါက်၊ မစင်အိတ်ပေါက်ကာ ဗိုက်တွင်းမစင်ပြန့်သွားကာ ပိုးဝင်ပြီးသေဆုံးခဲ့ပါတယ်။
လူနာအမျိုးသမီးတစ်ယောက်သည် ရာသီသွေးမကြာခဏဆင်းတာကြောင့် သူငယ်ချင်းနဲ့အတူ ဇူလှိုင်လ ၂၈ ရက်နေ့တွင် တနိုင်းဆေးရုံသို့ သွားပြခဲ့ပါတယ်။ ဆေးရုံမှ ဆရာဝန်က သားအိမ်ခြစ်ဖို့လိုကြောင့် နဲ့ နေ့လည် ၁ နာရီတွင် ခြစ်ပေးမည်ဟုဆိုကာ ဆေးသုံးလုံးချိတ်ပေးခဲ့ပါတယ်။
အဆိုပါ ဆေးသုံးလုံးချိတ်ပြီးနောက်ပိုင်းတွင် လူနာအမျိုးသမီးက ပိုပြီး အမောဖောက်လာ သော်လည်း ဆရာ/မ တစ်ဦးမှ လာကြည့်ခြင်းမရှိခဲ့ပါ။ နောက်တစ်ရက် ဇူလိုင် ၂၉ ရက်နေ့ မနက် ၉ နာရီခန့်တွင် လူနာမှတ်တမ်းစာအုပ်လာထားပြီး သွေးပေါင်ချိန် မချိန်ပဲ စာအုပ်ပေါ်တွင် သွေးပေါင်ချိန်(၁၂၀/၇၀)ဆိုပြီးရေးထားလိုက်ပါတယ်။ လူနာစောင့်သူငယ်ချင်းဖြစ်သူက ဆရာဝန်လူနာကြည့်ဖို့လာချိန် သားအိမ်မခြစ်သေးဘူးလားလို့ မေးတော့ လုပ်ပေးမယ်လို့တစ်ခွန်တည်းပြန်ပြောခဲ့ပါတယ်။
နောက်ထပ် သားအိမ်ခြစ်ဖို့ ညနေပိုင်း ၂ နာရီအထိ စောင့်နေပေမဲ့ ဆရာ၊မ တစ်ဦးမှ လာခြင်းမရှိသော်ကြောင့်‌ဆေးရုံဆင်းဖို့လုပ်တော့ ဆရာမတစ်ဦးက ချက်ချင်းလုပ်ပေးပါမယ် မဆင်းပါနဲ့ဆိုပြီးတောင်းပန်ကာ ညနေ(၃း၃၀)တွင် သားအိမ်ခြစ်ဖို့ဆိုပြီး သူနာပြုဆရာမလေးတွေ ဝင်လာပြီး လူနာကို သားဖွားခန်းဆီသို့ရွှေ့အပြီး သူနာပြု သုံးယောက်စလုံးအပြင်ကိုပြန်ထွက်သွားခဲ့ပါတယ်။
ထိုအချိန်တွင် ဆေးရုံအုပ်ကြီးတစ်ယောက်တည်းဝင်လာပြီး အပြင်မှာထိုင်စောင့်နေတဲ့ လူလာစောင့်သူငယ်ချင်းကို သားဖွားခွဲခန်းအတွင်း ဝင်လာခိုင်းကာ သူနာရဲ့မိန်းမကိုယ် အပေါ်ခြမ်းကို ညှပ်ဖြင့်ကိုင်ခိုင်းထားပါတယ်။ ၎င်းလူနာစောင့်သည် ဘာသင်တန်းမှတက်ထားသူမဟုတ်တဲ့အတွက် မကြည့်ရဲ့ပဲဒူးတွေပျော့ခွေနေခဲ့ပါတယ် သားအိမ်ခြစ်ပြီးခါနီး သူနာပြုသုံးယောက်ပြန်ဝင်လာကာ လူနာစောင့်ကို ကိုင်ခိုင်းထားတဲ့ ညှပ်ကိုပြန်ကိုင်လိုက်ပါတယ်။ သားအိမ်ခြစ်ပြီး ကုန်ကျစရိတ်အဖြင့် ပိုက်ဆံကျပ် ၃သိန်း ၃ သောင်း (၃၃၀,၀၀၀ကျပ်) နဲ့ Lipo ၂ ကဒ် အတွက် ၅ သောင်းကျပ်ကို ချက်ချင်းပေးခိုင်းခဲ့ပါတယ်။
သားအိမ်ခြစ်ပြီး တစ်ညလုံး မအိပ်ပဲ နာတယ်လို့အော်နေခဲ့ပြီး ဇူလိုင် ၃၀ ရက်နေ့ မှစပြီး ဗိုက်တင်းလာခဲ့ပါတယ်။ ရေသောက်ရင်တောင်ဗိုက်တအားတင်းတယ်ဆိုပြီး သွားပြောတော့ သားအိမ်ခြစ်တဲ့အရှိန်ကြောင့် သားအိမ်ရောင်တယ်ဆိုပြီး အရေးပေါ်အခန်းသို့ရွှေ့ပြီး ဆေးခြောက်လုံးကို ဆေးရုံအုပ်ကိုယ်တိုင်ထိုးပေးခဲ့ပါတယ်။ ဆေး ၅လုံးထိုးပြီးချိန်တွင် တကိုယ်လုံးမီးလို့ပူလာကာ လူနာဖြစ်သူက စပ်တယ်လို့ပြောပေမဲ့ ဆက်ထိုးပေးခဲ့ပါတယ်။ ၎င်းဆေးထိုးပြီးနောက်ပိုင်းတွင် နှလုံးခုန်အရမ်းမြန်လာပြီး အသက်ရှုမရတော့ဘူး ဘာဆေးထိုးလိုက်လဲလို့မေးတော့ အကြာကြီးငြိမ်သွားပြီး အချိုရည်တိုက်ဖို့နဲ့ လူနာကိုအစာမှမကျွေးတာဆိုပြီးပြန်ပြောခဲ့ပါတယ်။
ဇူလိုင် ၃၁ ရက်နေ့တွင် အခြေအနေပိုဆိုးလာသော်ကြောင့် တပ်ဆေးရုံသို့ ပြန်ပြောင်းခဲ့ပါတယ်။ တပ်ဆေးရုံရောက်တော့ဆရာဝန်က စမ်းသပ်မှုတွေပြုလုပ်ပြီး သားအိမ်ပေါက်တဲ့လက္ခဏာတွေ့တယ်လို့ပြောပြီး သွေးရှာကာချက်ချင်းခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ပြောဆိုချက်အရ လူနာသည် သားအိမ်ပေါက်သွားတဲ့အပြင် အူလည်းဖြတ်ခံရကာ မစင်အိတ်လည်းပေါက်ပြီး မျိုးဥနှစ်လုံးမှ တစ်လုံးပျက်စီးသွားကြောင့်ပြောပြခဲ့ပါတယ်။
လူနာက ခွဲစိတ်မှုအောင်မြင်ပေမဲ့ မစင်ကဗိုက်အတွင်းထဲ အများကြီးပြန့်သွားကာ ပိုးဝင်ပြီး ဩဂုတ်လ ၁ ရက် နံနက်ပိုင်းတွင် အသက်ဆုံးရှုံးသွားခဲ့ကြောင့် သူငယ်ချင်းဖြစ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ရေးသားထားပါတယ်။
အသက်ဆုံးရှုံးပြီးနောက် ဩဂုတ်လ ၅ ရက်နေ့တွင် ဆေးရုံမှ တာဝန်မယူတဲ့အပြင် ဇွတ်ငြင်းဆိုခဲ့ပြီး လူနာက HIV ပိုးစွဲနေတဲ့ရုပ်ဆိုပြီးပြောဆိုခဲ့ပါတယ်။ အဆိုပါလူနာသည် သားအိမ်မခြစ်မှီ သွေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဘာရောဂါမှ မရှိကြောင့်စစ်ဆေးခဲ့ပြီးဖြစ်ပါတယ် ဟုလည်းသူက ရေးသားထားပါတယ်။ ၎င်းသတင်းနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို လန်ဂျီသတင်းဌာနမှဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

Leave a Reply