ဖားကန့်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ သေဆုံး
ဖားကန့်မြို့။ ၁၈၊ဇူလိုင်လ၊၂၀၂၅
ဖားကန့်မြို့ ယူမာ မှာ ဒီကနေ့ ၃ နာရီ‌ခန့်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
မိုင်းနင်းမိပြီး သေဆုံးသွားတဲ့သူဟာ မူးယစ်ဆေးသုံးစွဲသူတစ်ဦးဖြစ်ပြီး ယူမာ 7 music အကျော် ချောင်းနဘေးမှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့က ညနေ ၄ နာရီခွဲမှာလည်း ဖားကန့် ယူမာလမ်းပေါ်ရှိ ACE ဘားနဲ့ကွန်ကရစ်ဆိုင်ကြားမှာ အမျိုးသားတစ်ဦး ဖိုးရှော့ဖြစ်ကာ သေဆုံးနေတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိဖားကန့်မြို့တွင် စစ်ကောင်စီနဲ့ KIA တပ်တို့ကြား စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီဘက်မှ အင်အားသုံးပြီးထိုးစစ်ဆင် နေတယ်လို့ သိရပါတယ်။

Leave a Reply