ကချင်ပြည်နယ်က ဘားတွေမှာ စိတ်ကြွမူးယစ်ဆေးတွေ အလွယ်တကူဝယ်ယူလို့ရနေ
ကချင်ပြည်နယ်။ ၁၃၊ဇန်နဝါရီလ၊၂၀၂၄
ကချင်ပြည်နယ်မှာရှိတဲ့ဘားတွေမှာ စိတ်ကြွမူးယစ်ဆေးတွ အလွယ်တကူဝယ်ယူလို့ရနေတယ်လို့ (၂၀၂၄)နှစ်သစ်ကူးချိန် ဘားတခုမှာ ပျော်ပါးခဲ့သူအသက်(၃၀)အရွယ်အမျိုးသမီးတဦးဆီက သိရပါတယ်။
“အဲ့ဒီကောင်လေးနှစ်ယောက်က ဘားထဲက (VIP HI ) ခန်းတွေမှာဝင်ထွက်ပြီး ဆေးလိုက်ရောင်းကြတာ၊ ကျမလဲ တခါမှ မသုံးဖူးလို့ သောက်ကြည့်လိုက်တာ မြူးပြီးမိုးလင်းပေါက် ကခုန်နိုင်တယ်၊ဆေးမသောက်ထားရင် မကနိုင်ဘူး အရမ်းမောတယ်၊ ဆေးအရှိန်ကျလို့ မမြူးတော့ရင် အဲ့ဘားက မန်နေဂျာက (ice) လို့ခေါ်တဲ့အငွေ့တွေကို နှာခေါင်းနားကပ်ပြီး အလကားရှူခိုင်းတယ်၊ (K )လို့ခေါ်တဲ့အဖြူရောင်အမှုန့်တွေကို ပန်းကန်ပြားထဲထည့်ပြီး ဖဲချပ်နဲ့ယက်ပြီး ဖျော်ရေပိုက်နဲ့ရှူကြတယ်၊ (K)ရှူပြီးရင် တော့ လူမှန်းသူမှန်းမသိတော့ဘူး ဇွန်ဘီတွေလိုဘဲ ခေါင်းအောက်စိုက်ပြီး ကကြ တော့တာ ၊မြင်ရတာကြောက်စရာကြီး၊”လို့ အဲ့ဒီအမျိုးသမီးက သူမြင်တွေ့ခဲ့တာကို ပြောပြပါတယ်။
ကချင်ပြည်နယ်ရှိတဲ့ ဘားတွေတိုင်းမှာ စိတ်ကြွမူးယစ်ဆေးတွေအလွယ်တကူဝယ်ယူ လို့ရနေတယ် လို့ ၂၀၁၄ ခုနှစ် နှစ်သစ်ကူးချိန် ဘားတစ်ခုမှာ ပျော်ပါးခဲ့သူအသက်(၃၀)နှစ်ရှိအမျိုးသမီးတစ်ဦးဆီက သိရပါသည်။
နောက် သူမဟာ နှစ်သစ်ကူးညက ဘားမှာ စိတ်ကြွမူးယစ်ဆေးရောင်းသူလူငယ်နှစ်ဦးနဲ့တွေ့ဆုံခဲ့ပြီး (CK)တံဆိပ်ရိုက်နှိပ်ထားတဲ့ Happy water လို့ခေါ်ကြတဲ့ ဆေးတထုပ်ကို(၁၀)သိန်းနဲ့ ဝယ်ယူသုံးစွဲခဲ့တယ်လို့ဆိုပါတယ်။
သူမဟာ( Happy water )သောက်ပြီးဆယ်မိနစ်အတွင်းမှာဘဲ စိတ်ကြွလာကာ မြူးပြီး အရမ်းပျော်လာပြီး အရမ်း က ချင်လာတယ်လို့ လည်ဆက်ပြောပြပါတယ်။
VIP( HI )ခန်းတွေထဲ မူးယစ်ဆေး အငွေ့လွတ်ထားပေးပြီး ပျော်ပါးကြတဲ့သူတွေဟာလုပ်ငန်းရှင်နဲ့ ကျောက်စိမ်းလောပန်းတွေအများဆုံးဖြစ်ပြီး ၊လောပန်းတွေကစိတ်ကြွမူးယစ်ဆေး(Happy water) ကို အသက်(၂၀)အရွယ်ကောင်မလေးငယ်ငယ်လေးတွေနဲ့ အတူ သောက်ပြီး မိုးလင်းပေါက် ကခုန်ကြတာမို့ မိန်းမငယ်လေးတွေဟာ( HI) ဆေးလို့‌ခေါ်တဲ့ စိတ်ကြွမူးယစ်ဆေးကိုကြိုက်ပြီး ညနေပိုင်းကနေစလို့ (HI )ခန်းကို ရောက်လာကြပြီး (၃)ရက်‌လောက်မအိပ်ဘဲပျော်ပါးကြတယ်လို့ သူမကပြောပါတယ်။
ကချင်ပြည်နယ်က ဘားတွေမှာအခုလိုမျိုး စိတ်ကြွမူးယစ်ဆေးတွေ အလွယ်တကူရနေတာကြောင့် လူငယ်တွေရဲ့ အနာဂတ်အတွက် ရင်လေးစရာကောင်းတယ်လို့ သူမက‌ေပြာပါတယ်။

 

Leave a Reply