တနိုင်း‌မြို့နယ်တွင် စစ်ကောင်စီ ဂျက်လေယျာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြာင့် ဒေသခံပြည်သူ‌ထိခိုက်သေဆုံးသူများပြား
တနိုင်းမြို့။ ၁၂၊ ဇန်နဝါရီလ၊ ၂၀၂၅
ကချင်ပြည်နယ် တနိုင်းမြို့နယ် KIA ထိန်းချုပ်ရာ စန်လွန်‌ရွှေမော်တွေ ယမန်နေ့ မနက် ၁၁:၀၀ နာရီခန့်က စစ်ကောင်စီရဲ့ ဂျက်တိုက် လေယျာဉ် နှစ်ကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူစုစုပေါင်း အလောင်း ၁၅ခု‌ တွေ့ ရှိပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရတဲ့အပြင် ဈေးဆိုင် ၉ ခုခန့် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံပြည်သူများထံမှ သိရပါတယ်။
“အလောင်းက ၁၅ ခုထိကောက်ရတယ်။ ထိခိုက်ဒဏ်ရာရတာ ၁၀ ဦးရှိတယ်။ ကွက်တိကျတဲ့ နေရာက အ‌ ‌လောင်းမတွေ့တာလဲရှိ‌ သေးတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ထို့အပြင် ထိခိုက်ဒဏ်ရာ ပြင်းထန်းသူများကို နီးစပ်ရာ ဆေးခန်းများသို့ ‌ပိုဆောင်ထားပြီဖြစ်ပြီး အဆိုပါ ထိခိုက်‌ သေဆုံးသူများထဲမှာ ဒေသခံများအပြင် ရွှေမော်တွင်လာ‌ရောက် ရွှေတူး‌လုပ်ကိုင်‌နေသူများလည်းပါ သူကဆက်လက်ပြောပါတယ်။
ယခု စစ်ကောင်စီဗုံးကြဲတိုက်ခိုက်တဲ့ နေရာက ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် မေလအတွင်း KIAနဲ့ ပူးပေါင်းတပ်တိုက် တိုက်ခိုက်သိမ်းယူထားတဲ့ နေရာဖြစ်ကြောင်းလည်းသိရပါတယ်။

Leave a Reply