အင်းတော်ကြီး‌အဝင်တွင် စည်ခမ်းမြို့အမည်‌နဲ့ မြို့ဝင်မုဒ်ဦးကို ရှမ်းနီးပြည်သူ့စစ်(SNA) မှ ပြုလုပ်ထား
နန့်မွန်းမြို့ ။ ၄၊ ဇန်နဝါရီလ ၊၂၀၂၅
ကချင်ပြည်နယ် ဟိုပင်မြို့နဲ့ နနမ့်မွန်းမြို့ ကြားက အင်းတော်ကြီးအဝင်တွင် စည်ခမ်းမြို့တော်ဟုအမည်‌ ရေးထားတဲ့ မြို့ဝင်မုဒ်ဦးကို ရှမ်းနီပြည်သူစစ်(SNA)နဲ့ စစ်ကောင်စီပေါင်းပြီးမှ ဆောက်လုပ်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။
“ရှမ်းနီပြည်သူ့စစ်(SNA) တွေက သူတို့ နယ်မြေဖြစ်ကြောင်း ပြချင်လို့ လုပ်ထားတာ။ ဒေသခံတွေဘာမှ မသိဘူး။ စစ်‌ကောင်စီ အစိုးရနဲ့ ပေါင်းပြီးလုပ်ထားတာ” လို့ အသက်၃၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ထို့အပြင် ရှမ်းနီပြည်သူ့စစ်(SNA)နဲ့ စစ်ကောင်စီများ ပူးပေါင်းပြီး နမ့်မွန်း နှစ်ခြင်းဘုရားကျောင်းတွင် စခန်းချပြီး လမ်းသွားလမ်းလာ ပြည်သူများကို ဂိတ်ချ စစ်ဆေးမေးမြန်းတာနဲ့ ငွေကြေးတောင်းခံတာရှိကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှသိရပါတယ်။
“အရင်ကတော့ ဂိတ်မရှိဘူး။ အခုက နန့်မွန်းနှစ်ခြင်းဘုရားကျောင်း‌ ရှေ့မှာ ဂိတ်ချပြီး ကားတွေကို ငွေတောင်းတယ်။ ဆိုင်ကယ်တွေကို စစ်ဆေးမေးမြန်းတာလုပ်တယ်။ ဘုရားကျောင်းမှာလည်း စခန်းချထားတာလေ” လို့ ကားသမားတစ်ယောက်ကပြောပါတယ်။
အဆိုပါ အင်းတော်ကြီးဒေသ‌ နန့်မွန်း‌မြို့တွင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်‌တွင် ရှမ်းနီပြည်သူ့စစ်(SNA) နဲ့ KIAတို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် ဒေသခံတို့၏ နေအိမ်များ ထိခိုက် မီးလောင်ပျက်ဆီးသွားတာရှိခဲ့ကြောင်း သိရပါတယ်။

Leave a Reply