နန့်ယာကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်မိကာ ထိခိုက်ဒဏ်ရာရ
ဖားကန့်မြို့နယ်။ ၂၅.ဇန်နဝါရီလ.၂၀၂၄
ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ဖားကန့်မြို့နယ် နန့်ယာကျေးရွာမှ အမျိုးသားတစ်ဦးသည် လယ်တောသို့သွားရာ နန့်ယားစစ်တပ်နား ဖြတ်သွားသည့် အချိန် မြေမြုပ်မိုင်း နင်းမိကာ ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါသည်။
အဆိုပါအမျိုးသားသည် အသက်(၅၀)နှစ်ခန့်ရှိ ဦးလခရိန်တူးဖြစ်ပြီး နန့်ယားကျေးရွာ ရပ်ကွက်(၂)တွင်နေထိုင်သူဖြစ်ပါသည်။ ယမန်နေ့ နေ့လယ် (၁)နာရီခန့်တွင် မြစ်ကြီးနားဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ခဲ့ကြောင့် ဒေသခံများမှ သတင်းရရှိပါသည်။
ဇန်နဝါလ ၂၃ ရက်တွင်လည်း ဖားကန့်မြို့နယ် လဝါကျေးရွာအုပ်စု လဂေါင်ရွာမှ အမျိုးသားနှစ်ဦး ကားမိုင်းမြို့သို့ ပစ္စည်းသွားဝယ်ရာ ကားမိုင်း-လဝါးလမ်းပေ်တွင် ပြည်သူ့စစ်တပ်မှ ပစ်သောကြောင့်လက်နက်ကြီးထိမှန်ကာ ဒဏ်ရာရရှိခဲ့ပါသည်။

Leave a Reply