ကချင်ပြည်နယ် တတိယအပတ် နဲ့ စတုတ္ထပတ်အတွင်း အရပ်သားလူ့အခွင့်ချိုးဖောက်မှု နဲ့ အခြားထူးခြားဖြစ်စဉ်
ကချင်ပြည်နယ်။ ၂၈၊ ဇူလိုင်လ၊ ၂၀၂၆
ကချင်ပြည်နယ် တတိယအပတ် နဲ့ စတုတ္ထပတ်အတွင်း ဒရုန်းနဲ့ လက်နက်ပစ်ခတ်မှုကြောင့် အရပ်သား (၃)ဦးသေဆုံးခဲ့ပြီး တရုတ်နိုင်ငံခြားသားတစ်ဦး လက်နက်ထိမှန်ဒဏ်ရာရရှိခဲ့ကာ ကချင်ပြည်နယ် အနှံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု၊ နီခူတီကျေးရွာရှိ ထိန်မင်းငှက်ပျော်လုပ်ကွက်တွင် အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတစ်ဦး သေနတ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး မည်သည့်အဖွဲ့မှ ပစ်ခတ်ခဲ့လဲ ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးကြောင်း ထသတင်းစာမျက်နှာတွင်ဖော်ပြထားပါတယ်။
ထို့နောက် ဇူလိုင် ၁၆ ရက်နေ့တွင် ပူတာအို ခေါင်လန်ဖူးမြို့နယ် ၊ မီကူဆာကျေးရွာတွင် စစ်ကောင်စီပူးပေါင်းတပ်က Suicide Drones ဖြင့် ဗုံးကျဲချမှုကြောင့် ၈နှစ် အရွယ်ကလေးငယ်တစ်ဦး နဲ့ အသက် ၅၀နှစ် အရွယ် အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။ ၎င်း မီကူဆာကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာနဲ့ ၁၂ မိုင် အကွာတွင် တည်ရှိပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့တွင်မှာလည်း အင်းတော်ကြီး၊ ညောင်ပင်ရွာမှ အသက် (၂၂) နှစ်အရွယ် မောင်ဝိုင်းဇော် က မြစ်ကြီးမြို့သို့ အလုပ်ကိစ္စဖြင့် ဆင်းလာရာ လဝါကျေးရွာရှိ ဝါရာဇွပ်ပြည်သူ့စစ်ဂိတ်မှ ပြည်သူ့စစ်များနဲ့ စကားများရာမှ ပစ်သတ်ခံခဲ့ရပါတယ်။
တိုက်ပွဲသတင်းများ အခြေအနေ
အင်းတော်ကြီး ၊ လုံးတုံ တွင် KIA ပူးပေါင်းတပ် နဲ့ စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး SNA စခန်းကို KIAပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိခဲ့ပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ ပူတာအို ခေါင်လန်ဖူးမြို့နယ် တရုတ်-မြန်မာနယ်စပ်အနီး မှတ်တိုင် (၃၀)တွင် ပြည်သူ့စစ်တပ်စွဲ အထိုင်ချထားတဲ့ အမတ်ဘော်ရွာ တောင်ကုန်း ကို KIA ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အခြားထူးခြားဖြစ်စဉ်များအနေဖြင့်
ပြီးခဲ့တဲ့ ဇွန်လက ပူတာအို – မြစ်ကြီးနား ကားလမ်းကြောင်းပေါ်မှ ပူတာအို PDF တော်လှန်ရေး အဖွဲ့ဘက်က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဓါတ်မှန်ရိုက်စက်ကို ပူတာအိုခရိုင် ပြည်သူ့ဆေးရုံသို့ အများပြည်သူ အသုံးပြုနိုင်ရေးအတွက် ဇူလိုင် ၁၈ ရက်နေ့တွင် ပြန်လည် လွဲပြောင်း ပေးအပ် ခဲ့ပါတယ်။
ထိုအပြင် ဇွန်လ ၃၀ ရက်နေ့က စစ်‌ရေးအရ ပိတ်ဆို့ထားသော မြစ်ကြီးနား-မန္တလေး လမ်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်မှ စပြီးကုန်ကား ခရီသည်များ သွားလာခွင့်ပြန်ရခဲ့ပါတယ်။
အာဏာသိမ်းပြီး ၅ နှစ်အကြာ ရပ်ဆိုင်းထားသော မြစ်ကြီးနား – မိုးညှင်း မီးရထားလမ်းပိုင်း ကို ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် နဲ့ ဌာန ဆိုင်ရာဝန်ထမ်းများက မီးရထားလမ်းပိုင်းဖွင့်ပွဲပြုလုပ်ခဲ့ပြီး စတင်ပြေးဆွဲခဲ့ပါတယ်။
မြစ်ကြီးနား ရမ်ပူရပ်ကွက်တွင် မူးယစ်ဆေးဝါ လက်လီလက်ကား ရောင်းချမှုပိုများလာပြီး ရပ်ကွက်ပြည်သူများ ပျက်စီးမှုပိုများပြားလာနေပါတယ်။ ၎င်းမူးယစ်ဆေးဝါရောင်းဝယ်မှုတွင် အသက်မပြည့်သေးတဲ့ ကလေးငယ်များလည်းပါဝင်နေပြီး အုပ်ချုပ်ရေးမှုး နဲ့ ရဲများက သိသိရက်နဲ့ လွတ်ထားတာဖြစ်ပြီး ရမ်ပူရပ်ကွက်နေပြည်သူများက မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တန်းလျားတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုနေပါတယ်။

Leave a Reply