
မိုးညှင်းမှာ မူးယစ်ဆေးဝါသုံးဆွဲသူက ဓါးရှည်ကိုင်ပြီးလှည့်ပတ်သွားနေ
မိုးညှင်းမြို့ ။ ၇၊ဇွန်လိုင်လ၊၂၀၂၆
မိုးညှင်းမြိုမှာ မူးယစ် ဆေးဝါးသုံးစွဲသူတဦးက ဓါးရှည်ကိုင်ပြီး တမြိုလုံးလှည့်ပတ်သွားနေတာကြောင့် မိဘပြည်သူများက စိုးရိမ်နေပါတယ်။
“ကျောင်းဖွင့်ရာသီဆိုတော့ ကလေး တွေက ကျောင်းသွား ကျောင်းပြန်လုပ်နေကြတာ၊အဲ့ဒီဖိုးသမားက ဓါးရှည်ကြီးကိုင်ပြီး တမြိုလုံးပတ်သွားနေတော့ လူတွေကိုအန္တရာယ်ပေးမှာစိုးရိမ်နေရတယ်၊ အဲ့ဒီလူက ရေလည်ကျွန်းက ဦးမတ်ကြီးရဲ့သားလို သိရတယ် ၊တကိုယ်လုံးတက်တူးအပြည့်နဲ့ ၊အကျီကမပါဘူး ၊မူးယစ်ဆေးသုံးတဲ့လူဆိုတော့ မျက်လုံးက ကြောင်စီစီနဲ့ ၊အန္တရာယ်များလွန်းတယ်”လို့ မြိုနေပြည်သူတဦးက ပြောပါတယ်။
အန္တရာယ်များလွန်းတဲ့အတွက် ၎င်းအား တာဝန်ရှိသူများက ထိန်းသိမ်းပေးစေလိုကြောင်း မြိုနေပြည်သူမျက ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။
မိုးညှင်းမြိုတွင် မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာပြီး အိမ်တွင်းအကြမ်းဖက်မှုများ ၊ခိုးဆိုးလုယက်မှုများ၊ဖောက်ထွင်းမှုများ တိုးပွားလာနေပါတယ်။
