မေလ တတိယပတ် အရပ်သား လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၊ စစ်ရေး နဲ့ အခြားထူးခြားဖြစ်စဉ်
ကချင်ပြည်နယ်။ ၂၆၊မတ်လ၊၂၀၂၆
မေလ တတိယပတ်အတွင်းတွင် စစ်ရှောင်အိမ် ၅၇ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ၊ ဒရုန်း နဲ့ လက်နက်ကြီးကျကွဲမှုကြောင့် အရပ်သား နေအိမ် ထိခိုက် ပျက်စီးမှုလည်းရှိနေသည့် အပြင် စစ်ကော်မရှင်တပ်မှ ကချင်ဒေသ စစ်မျက်နှာ အများအပြားတွင် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။
မေလ ၂၂ ရက်နေ့တွင် တော်လှန်ရေးတပ်မှ စစ်ကော်မရှင်တပ်စွဲထားသည့် တပ်မကုန်ကိုပစ်ရန် ဒရုန်းလွတ်လိုက်ချိန်တွင် တပ်မကုန်မရောက်မှီ မှော်ဝမ်းရပ်ကွက်ရှိ အရပ်သားအိမ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိဘဲ နေအိမ်ထိခိုက်ပျက်စီးခဲ့ပါတယ်။
မေလ ၂၀ ရက်နေ့တွင် စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းက ဖားကန့်မြို့နယ်၊ မော်ဝမ်းကျေးရွာအုပ်စု၊ မှော်ဝမ်းလေးကျေးရွာ၊ အောင်ချမ်းသာရပ်ကွက်ရှိ စစ်ရှောင်ပြည်သူများရဲ့ နေအိမ် ၅၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မေလ ၁၇ ရက်နေ့ အာဏာသိမ်းစစ်တပ်ကပစ်တဲ့ လက်နက်ကြီး လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၄)ထဲမှ ပြည့်တန်ဆာလုပ်ငန်းလုပ်တဲ့ အိမ်ပေါ်ကို ကျရောက်ပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မေလ ၁၆ ရက်နေ့ စစ်ကော်မရှင်လက်အောက်ခံ ရှမ်းနီးအမျိုးသားများတပ်မတော် SNA မှ အင်ကြင်းကုန်ရွာမှ ကျောင်းထိုင်ဘုန်းကြီး နဲ့ အုပ်ချုပ်ရေးမှူးကို တော်လှန်ရေးထီရောင်းချမှုဖြင့် စွပ်စွဲ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ယခုထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးကြောင့် သတင်းမီဒီယာများတွင်ဖော်ပြထားပါတယ်။
စစ်ရေးသတင်းများအနေဖြင့်
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းအစိုးရဟာ ရက် ၁၀၀အတွင်း တိုင်းရင်းသားလက်နက်ကိုင် များနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ပြောနေပေမဲ့ တစ်ဖက်တွင်လည်း အထူးသဖြင့် ကချင်ပြည်နယ် စစ်မျက်နှာ အများအပြားကို ထိုးစစ်ဆင်မှုလုပ်နေတာကို တွေ့ရှိရပါတယ်။
တနိုင်းမြို့ ပယင်းမှော်တွင် စစ်ကော်မရှင်၊ဝါရာဇွပ်ပြည်သူ့စစ်ပူးပေါင်းတပ် နဲ့ KIA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဗန်းမော်မြို့နယ်တွင်လည်း စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားနေပြီး ပစ်ကွင်းရှင်းဖို့ လူနေအိမ်တွေကို မီးရှို့ရှင်းလင်းမှုတွေပြုလုပ်နေပါတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် လက်ရှိအချိန်ထိ စစ်ရေးအရှိန်မြင့်နေပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားခဲ့ရကြောင်း သတင်းစာမျက်နှာများတွင်ဖော်ပြထားပါတယ်။
လက်ရှိ ကချင် စစ်ကိုင်းအစပ် ၊ ရွှေကူ၊ မဘိမ်၊ကသာ ၊အင်းတော်၊ မော်လူး နဲ့ ထီးချိုင့်မြို့နယ် များတွင် KIA ပူးပေါင်းတပ် နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တို့ကြားတိုက်ပွဲ စစ်ရှိန်မြင့်နေပြီး တော်လှန်ရေးတပ်ဖွဲ့မှ အင်းတော်- နန့်စီးအောင်လမ်း နဲ့ ထီးချိုင့်-ကသာလမ်းကို စစ်ရေးအရ ယာယီပိတ်ထားကြောင့် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အခြားဖြစ်စဉ်များအနေဖြင့်
စစ်ကော်မရှင် အစိုးရ ထိန်းချုပ်ထားသည့် ဒေသများတွင် နေ့စဉ်နေ့အမျှ လုယက်မှု၊ ဓားပြတိုက်မှု နဲ့ ခိုးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိနေပါတယ်။ ၎င်းတို့ဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည်ကို တွေ့မြင်နေရပေမဲ့ အစိုးရဘက်မှ တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူမှု မရှိသလောက်ပင်ရှိနေပါတယ်။
ဖားကန့်ဒေသတွင်လည်း နေ့စဉ် နီးပါး ကျောက်၊ ပိုက်ဆံ၊ဆိုင်ကယ်၊ လုယက်ခံရမှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်တွင်မှာလည်း ဖားကန့်မော်ဝမ်းလေးတွင် အမျိုးသား တစ်ဦး ဓားပြတိုက်လုယက်ခံရ ပိုက်ဆံသိန်း(၃၀)၊ Redmi ဖုန်း တစ်လုံးရယ်၊ Kenbo ဆိုင်ကယ် တစ်စီးနဲ့ ကျောက်စိမ်း (၃)လုံး ပါသွားခဲ့ပါတယ်။
ထို့အပြင် မြစ်ကြီးနားမြို့ရှိ ရပ်ကွက် တော်တော်များများတွင်လည်း မကြာခဏဆိုသလိုပင် လုယက်မှု၊ ခိုးမှုတွေ ကြုံတွေ့နေရပါတယ်။ ပြီးခဲ့တဲ့ရက်တွေမှာလည်း မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် စစ်ရှောင်စခန်းအဝင်လမ်းကြားမှာ လူငယ် ၄ ယောက်က ဆိုင်ကယ်စီးလာတဲ့ မိန်းကလေးနှစ်ဦးကို ဓါးထောက်ခြိမ်းခြောက်ပြီး ဆိုင်ကယ်ကိုလုယူသွားခဲ့ပါတယ်။
၎င်းလုယက်၊ဓားပြတိုက်ခံရမှုတွင် သက်ကြီးရွယ်အို နဲ့ အမျိုးသမီးများပိုများကြောင်း တွေ့ရပါတယ်။
