
မြန်မာနိုင်ငံတွင် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register – CEIR) ကို ၂၀၂၆ ခုနှစ်၊ မတ်လမှစတင်၍ အကောင်အထည်ဖော်မည်
မြန်မာနိုင်ငံ။ ၅၊မတ်လ၊၂၀၂၆
CEIR စနစ်ဆိုတာဖုန်းတစ်လုံးချင်းစီတွင်ပါရှိသော IMEI Code (နိုင်ငံတကာ မိုဘိုင်းစက်ပစ္စည်း သက်သေခံအမှတ်အသား) ကို အစိုးရ၏ ဗဟိုဒေတာဘေ့စ်တွင် မှတ်ပုံတင်ရမည့် စနစ်ဖြစ်ပါတယ်။ ဖုန်းသုံးစွဲသူများအနေဖြင့် မိမိတို့လက်ရှိသုံးစွဲနေသော SIM Card များ (MPT, ATOM, U9, Mytel) ကို ၂၀၂၆၊ မတ်လ (၃၁) ရက် နောက်ဆုံးထား၍ ဖုန်းထဲထည့်သွင်း အသုံးပြုထားမှသာ CEIR စနစ်အတွင်း အလိုအလျောက် စာရင်းဝင်မည်ဖြစ်ပါသည်။
စစ်ကောင်စီထုတ်ပြန်လိုက်သော ကြေညာချက်၏အဓိကရည်ရွယ်ချက်မှာ-
(၁)အခွန်အခများရရှိရန်(ပြည်ပမှတရားမဝင်တင်သွင်းလာသောဖုန်းများကိုထိန်းချုပ်ရန်နှင့်သတ်မှတ်ထားသောအခွန်နှင့်ဒဏ်ကြေများကိုပေးဆောင်စေရန်
(၂)လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန်ဟုသိရပါသည်။
နည်ပညာကျွမ်းကျင်သူနှင့် လူ့အခွင့်အရေးတက်ကြွလှုုပ်ရှားသူတစ်ဦးပြောပြတာက
“လူ့အခွင့်အရေးနှင့် နည်းပညာလုံခြုံရေး ရှုထောင့်မှကြည့်လျှင် ဤစနစ်သည် ဒေတာနှင့် လွတ်လပ်ခွင့်ကို စောင့်ကြည့်ခြင်းခံရမည်ဖြစ်ပြီး IMEI နံပါတ်သည် ဖုန်းတစ်လုံး၏ “လက်ဗွေ” နှင့် တူပါသည်” “ဒီနံပါတ်ကို SIM Card (လူတစ်ဦးချင်းစီ၏ အချက်အလက်) နှင့် တွဲလိုက်သည့်အခါ မည်သူက မည်သည့်ဖုန်းကို သုံးနေသည်ဆိုသည်ကို အစိုးရက အလွယ်တကူ သိရှိသွားနိုင်ပါတယ်။ ၎င်းက ပြည်သူများ၏ ဆက်သွယ်ရေးနှင့် သွားလာလှုပ်ရှားမှုများကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့် (Surveillance) ရန် လမ်းစဖြစ်သွားနိုင်ပါတယ်”
” ပြီးတော့ CEIR စနစ်က ဖုန်းကိုပိတ်ပစ်နိုင်စွမ်းရှိတယ်လို့ပြောလို့ရတယ် သူက စာရင်းမဝင်သောဖုန်းများကိုဆက်သွယ်ရေးကွန်ရက်(operator) မှတစ်ဆင့် အသုံးးပြု၍မရအောင်ပိတ်ပစ်နိုင်တယ်” တနည်းပြောရရင် အစိုးရကို ထိန်းချုပ်မှုအာဏာကိုပေးအပ်လိုက်သကဲ့သို့ဖြစ်တာပေါ့နော်”
“ဒါကသတင်းအချက်အလက်လုံခြုံမှုမရှိတော့တဲ့အနေအထားမှာ သုံးစွဲသူများ၏အချက်အလက်များကိုအလွဲသုံးစားလုပ်တာမျိုး ကိုယ့်ရဲ့အတိုက်အခံပြုသူများကိုခြေရာခံတာမျိုး စတဲ့ အန္တရာယ်ပိုကြီးသွားတယ်” လို့ပြောပါသည်။
ထို့ကြောင့်ယခုကြေညာချက်/စနစ်သည် အပေါ်ယံအားဖြင့် အခွန်ကောက်ခံရန်နှင့် တရားမဝင်ကုန်သွယ်မှုကို တားဆီးရန်ဟု ဆိုသော်လည်း၊ လက်တွေ့တွင် ပြည်သူများ၏ ဖုန်းအသုံးပြုမှုကို အနီးကပ်စောင့်ကြည့်ရန်နှင့် လိုအပ်ပါက ဆက်သွယ်ရေးဖြတ်တောက်ရန် အသုံးပြုနိုင်သည့် “ထိန်းချုပ်ရေး ကိရိယာ” တစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ရပါသည်။
