မိုးညှင်းမြို့ နေအိမ်‌တစ်အိမ်သို့ ဧည်သည်များနှင့် ရော၍ သူခိုးတစ်ဦးဝင်ရောက်
မိုးညှင်မြို့။ ၆၊ဖေဖော်ဝါရီလ၊၂၀၂၆
မိုးညှင်းမြို့ဖေဖော်ဝါရီ(၄)ရက် နေ့လည် (၁၁း၃၀)အချိန်ခန့်တွင် ဧည့်သည်များနှင့်ရောပြီး သူခိုးတစ်ဦး အိမ်အတွင်းသို့ဝင်ရောက်လာကြောင်း အိမ်ရှင်မှပြောပါသည်။
“အိမ်က ဖုန်းတွေရော လျှောက်ကိုင် ဧည့်သည်ဖုန်းတွေရော ယူပီး အိမ်အပေါ်ထပ်ကို တက်သွားတာ အိမ်အပေါ်ရောက်တော့ အိမ်ခန်းတွေလျောက်ဖွင့်၊ အခန်းထဲတွေဝင်မွှေနေတာ မကြိုက်လို့ ဧည့်သည်တွေသွားပြောမှ သူခိုးမှန်းသိလိုက်တာ၊ ဧည့်သည်တွေကလဲ အိမ်ကထင်ပီး အားနာလို့တဲ့ သူခိုးက အိမ်ခန်းထဲမှာ စောင်ခြုံပီးအိပ်နေသေးတာ ဆေးကြောင်ပြီး လွတ်နေတဲ့ပုံစံဘဲ၊ကျမတို့ ခုထိ လန့်နေတုန်း”ဟုအိမ်ရှင်အမျိုးသမီးမှပြောပါသည်။
ယင်းအမျိုးသားကို လွန်ခဲ့သော နှစ်ရက်ခန့်က မိုးညှင်းရဲစခန်းတွင်ပုဒ်မ(၃၈၆)ဖြင့် အမှုဖွင့်အရေးယူထားပြီး ၎င်းမိဘများမှ ရွေးယူခဲ့ရကြောင်း ထပ်မံစုံစမ်း၍ သိရှိရပါသည်။
လက်ရှိတွင် မိုးညှင်းမြို့၌မူးယစ်‌ဆေးဝါး‌ရောင်းဝယ်သုံးစွဲသူများပြားပြီး ခိုးဆိုးလုယက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပါသည်။

Leave a Reply