မံစီမြို့နယ်။ ၄.မတ်လ.၂၀၂၄
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် မောရဝတီရပ်ကွက်ဘက်သို့ မံစီမြို့ ခမရ (၆၀၁)တပ်မှ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်(၁၁)နှစ်ကလေးငယ်၏ ခြေတစ်လုံး နှင့် ဗိုက် ဘယ်ညာ နှစ်ဖက်စလုံးတွင် နက်လက်ကြီးထိမှန်က ဒဏ်ရာအပြင်းအထန်ရရှိ၍ လက်ရှိအချိန်တွင် ဗန်းမော်ဆေးရုံတွင် ဆေးကုသခံနေရပါသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်း ၅ နာရီ ၃၀ မိနစ်ခန့်တွင် ခဆန်ကောင်ကျေးရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တွင် ရေလောင်နေသော အသက် (၆၃)နှစ်ရှိ ဦးလဖိုင်ယော်ထုံ လက်နက်ကြီး ထိမှန်ကာ ခါးဘယ်ဘက်တွင် ကျဉ်ထိမှန်ကာ ဗန်းမော်ဆေးရုံတွင် ဆေးရုံကုသမှုခံယူခဲ့ပြီး ယခုလက်ရှိအချိန်တွင် နေအိမ်မှ ဆေးကုသမှုခံယူနေပါသည်။ အလားတူ အသက်(၆၀)နှစ်ရှိ ဒေါ်ဆိုင်းတောင်သည်လည်း ခြေထောက်အရိုးတွင် ကျဉ်ထိမှန်ကာ လက်ရှိအချိန်တွင် ဗန်းမော်မြို့တွင် ဆေးကုသခံနေပါသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ၅ နာရီ ၄၅ မိနစ် အချိန်တွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက်(၅၂)နှစ်ဦး အုန်းခိုင်သည် နေအိမ်တွင်ရှိနေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲရာမှ အပိုင်းအစများ နှလုံးနှင့် အဆုပ်ကြားထိမှန်ကာ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါသည်။
ယခုလက်ရှိ မံစီမြို့အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်မှ မြို့အတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေသောကြောင့် မြို့တွင်းရှိပြည်သူများစိုရိမ်းနေရသည့် အခြေအနေရှိနေပြီး လူငယ်တစ်ချို့ကို ဖမ်းဆီးမှုများလည်းရှိနေပါသည်။

Leave a Reply