လူ့အခွင့်အရေးချိုးဖောက်ခံရမှု – ညှင်းပန်းနှိပ်စက်မှုနှင့် ထိန်းသိမ်းချုပ်နှောင်မှု
လူ့အခွင့်အရေးချိုးဖောက်ခံရမှု - ညှင်းပန်းနှိပ်စက်မှုနှင့် ထိန်းသိမ်းချုပ်နှောင်မှု ချိုးဖောက်ခံရသူ ဦး*** အသက်(၄၁)နှစ်သည် *** ရပ်ကွက်၊ တနိုင်းမြို့နယ်၊ ကချင်ပြည်နယ်တွင် နေထိုင်သည်။ ဖြစ်စဥ် (ကိုယ်တိုင်ပြောပြချက်) ***ကျေးရွာအောက် (၄)မိုင်အကွာမှာ ကျွန်တော်တို့လယ်တောရှိတယ်။ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂ ရက်နေ့တွင် ကျွန်တော်က လယ်တောကနေ ***မြစ်ဆုံဘေးက ကမ်းပါးထိ ကားနဲ့စပါးသယ်နေတာဟုတ်တယ်။ ပထမတစ်ခေါက်တော့ စပါးအိတ် (၆၀)…
