မြန်မာ-တရုတ်နယ်စပ် ကံပိုင်တည်ကို ဆုံးရှုံးလိုက်ပြီးနောက် စစ်ကောင်စီမှ KIAထိန်းချုပ်ရာ ဆဒုံးမြို့ကို လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ
ဆဒုံးမြို့။ ၂၂၊ နိုဝင်ဘာလ၊ ၂၀၂၄ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ကို ဒီမနက် အစောပိုင်း တစ်ကြိမ် ဗုံးလာကြဲခဲ့သလို့ ဒီညနေ ၂:၀၀ နာရီခန့်မှစပြီး ဂျက်လေယျာဥ် နှစ်စီးဖြင့် စစ်ကောင်စီမှ လေကြောင်းနဲ့ ဆက်တိုက် ဗုံးကြဲပစ်ခတ်နေကြောင်း အသက် ၂၀ကျော် ဆဒုံးမြို့ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရပါတယ်။ "ဒီမနက်အစောပိုင်း ၃:၀၀ နာရီမှာ လေယာဉ်နဲ့…
