လွန်ခဲ့တဲ့ ၂၀၁၂ ခုနစ် ဇန်နန်ဝါရီ ၂၉ရက်တွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်းကျေးရွာမှ ဦးလှအောင်(အမည်လွှဲ) မိသားစုတို့က သေနတ်သံတွေကြားသဖြင့် ကတုတ်ကျင်းတူးထားသော အိမ်အောက်တွင် ခိုလုံနေခဲ့ပါတယ်။ ည (၇း၃၀)မိနစ် ခန့်တွင် အမတ(၃၇၂)တပ်မှ ပစ်လိုက်သော လက်နက်ကြီးသည် ဦးလှအောင် နေအိမ်တည့်တည့်တွင် ကျ‌ရောက်ပေါက်ကွဲကာ အိမ်အောက်ကတုတ်ကျင်းတွင် ခိုလုံနေသော ဦးလှအောင် မိသားစု အားလုံးနီးပါးထိခိုက်ဒဏ်ရာရရှိကာ သားဖြစ်သူ မောင်ဘရန်ဆန့် အသက်(၉)နှစ်အရွယ် နဲ့ ဇနီးဖြစ်သူ ဒေါ်ဘောက်တောင် အသက်(၂၆)နှစ်တို့က လက်နက်ကြီးထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ သေဆုံးသူသားအမိကို နောက်နေ့ (၁)နာရီတွင် မြေမြုပ် သဂြိုလ်ခဲ့ပါတယ်။ မိသားစုဝင် ၅ ဦးအနက် ဇနီး ဒေါ်ဘောက်တောင်နဲ့ သားကြီး မောင်ဘရန်ဆန့်တို့က ထိခိုက်သေဆုံးခဲ့ပြီး ဦးလှအောင်နဲ့အတူ သားငယ် အသက် (၂) အရွယ်နဲ့ ဦးလှအောင်ရဲ့ အဖေဖြစ်သူ အသက် (၉၆)နှစ်တို့ကလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ ရွာထဲတွင် သေနတ်ကြီးပစ်သံတွေ ညတိုင်းလိုလို ကြားရတော့ ဦးလှအောင်တို့မိသားစုက သူများအိမ်တွေသွားအိပ်လေ့ရှိပြီး။ အဲ့ညတွင် သေနတ်သံတွေနည်းနည်းသိပ်တဲ့အချိန်ဆိုတော့ အိမ်ကို ပြန်သွားအိပ်တဲ့အချိန်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ထို ဖြစ်စဉ် ဖြစ်ပွားသည့် ညတွင် ဘယ်သူမှဆေးကုသပေးမှုမရှိခဲ့ပဲ တစ်ညလုံးသွေးတွေနဲ့ လှဲနေခဲ့ရပါတယ်။ နောက်မနက်မှ ရဲတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေလာပြီး ဓာတ်ပုံရိုက် မှတ်တမ်းတွေလာယူပြီး မနက်(၈း၃၀)လောက်တွင် ဒဏ်ရာရမိသားစုဝင်များကို မြစ်ကြီးနားဆေးရုံသို့ပို့ဆောင်ခဲ့ပါတယ်။ ဆေးကုသစရိတ်များကို ဆေးရုံမှ တာဝန်ယူပေးခဲ့ပြီး ကျန်သည့်စားသောက်စရိတ်များကိုတော့ ဦးလှအောင်ကသာ တာဝန်ယူခဲ့ရပါတယ်။ ၎င်းဖြစ်စဉ်နဲ့ပက်သက်ပြီး အမြှောက်တပ်ရင်းတပ်မှ ပိုက်ဆံကျပ် (၃)သိန်းကို ပေးခဲ့ကြောင့် ကုထုံမဲ့လူ့အခွင့်အရေးအနာများ မှတ်တမ်းတွင်ဖော်ပြထားပါတယ်။

Leave a Reply