
မူးယစ်ဆေးသုံးစွဲသည့်အထက်တန်းကျောင်းသားအဖွဲ့မှ အလယ်တန်း ကျောင်းသားတစ်ဦးအား ဓါးဖြင့်ဝိုင်းထိုးမှုဖြစ်ပွား
မြစ်ကြီးနားမြို့ ။ ၅ ၊ဩဂုတ်လ၊၂၀၂၆
ကချင်ပြည်နယ် မြစ်ကြီးနားမြိုတွင် ဩဂုတ်လ ၄ရက်နေ့ နေ့လည် ၁နာရီခန့်က မူးယစ်ဆေးသုံးစွဲသည့်အထက်တန်းကျောင်းသားအဖွဲမှ အလယ်တန်း ကျောင်းသားတစ်ဦးအား ဓါးဖြင့်ဝိုင်းထိုးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။
အ.လ.က(၈) Grade(8)တွင် စာသင်ကြားနေသော ကျောင်းသား မောင်ခန့်သူဟိန်းအား ဓါးဖြင့်ထိုးသွားသော ကလေးများမှာ လယ်ကုန်းရပ်ကွက်ဇီးလွန်းကျောင်းမှ Grade(12)ကျောင်းသားများဖြစ်ပြီး ယနေ့အချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟုသိရပါသည်။
ယင်းဖြစ်စဉ်သည် ကျွန်းပင်သာရပ်ကွက်တွင်ဖြစ်ပွားခဲ့ပြီး တစ်ရက်ကွက်ထဲသားအချင်းချင်းဖြစ် သော်လည်း ခင်မင်ရင်းနှီးမှုမရှိကြောင်း မောင်ခန့်သူဟိန်း၏ ဆွေမျိုးများ ပြောပြချက်အရသိရပါသည်။
ယမန်နေ့က မောင်ခန့်သူဟိန်းအား အေးသုခဆေးရုံမှဆေးရုံကြီးသို့ လွဲပြောင်းကုသပေးနေကြောင်း ဧရာဝတီကရုဏာ_အခမဲ့ လူမှုကူညီရေးအသင်းမှ ပိုဆောင်ပေးခဲ့ကြောင်းသိရပါသည်။
