
ခရစ်ယာန်ဘုရားကျောင်းမှာ ရှမ်းနီပြည်သူ့စစ် SNA ကသင်တန်းဆင်းပွဲပြုလုပ်ခဲ့
၂၀၂၆ စက်တင်ဘာ ၂၈
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရှိ ကတ်သလစ်ဘုရားကျောင်းမှာ ရှမ်းနီအမျိုးသားတပ်မတော်(SNA) ကသင်တန်းဆင်းပွဲပြုလုပ်ခဲ့လို့ လူမျိုး၊ဘာသာရေးပဋိပက္ခ အဆိုးဝါးဆုံးဖြစ်လာမှာကို ပြည်သူများက စိုးရိမ်နေကြပါတယ်။
သင်တန်းဆင်းပွဲအပြီး ဘုရားကျောင်းထဲမှာ သီချင်းများဖွင့်၍ အောင်ပွဲခံကခုန်နေကြတဲ့ Video ပျံနှံ့လာပြီးနောက် ဝေဖန်မှုများလည်းမြင့်တက်လာပါတယ်။
“မိုးညှင်းမှာက ရှမ်းနီနဲ့ကချင်ရဲ့လူမျိုးရေး ပဋိပက္ခက စိုးရိမ်စရာအခြေအနေ ဖြစ်လာပါတယ်ဆိုမှ ကချင်လူမျိုးတွေရဲ့ ဘာသာရေးအဆောက်အအုံမှာ တပ်စွဲထားပြီး ခုလိုမျိုး မလေးမစားလုပ်တာကို ဆိုရှယ်မီဒီယာမှာပျံ့ကုန်တော့ လူမျိုးရေးပဋိပက္ခအပြင် ဘာသာရေးပဋိပက္ခပါ ကြီးလာနိုင်တယ်”လို့ အသက်၄၁အရွယ် ရှမ်းနီအမျိုးသမီးက ပြောပါတယ်။
“ကတ်သလစ်ဘာသာတွေရဲ့အထွတ်အမြတ်ထားရတဲ့ ဘုရားကျောင်းမှာ သင်တန်းဆင်းပွဲလုပ်တာတော့ မဖြစ်သင့်ဘူးပေါ့၊ ပြသနာကို မဖြေရှင်းနိုင်လို့ ပဋိပက္ခအသွင်ကူးပြောင်းပြီး ခုလိုမျိုး လူမျိုးရေးပဋိပက္ခတွေဖြစ်နေတာ ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းစွားယှဉ်တွဲနေထိုင်နိုင်အောင် ကြိုးစားရမဲ့အစား ပိုဆိုးအောင်တော့မလုပ်သင့်ဘူး” လို့အသက်(၂၈) အရွယ်ကချင်အမျိုးသမီးက ပြောပါတယ်။
အင်းတော်ကြီး ဒေသလုံးဆိုင်ရာ ပြည်သူ့စစ်သင်တန်းဆင်းပွဲကိုစက်တင်ဘာလ (၂၃) ရက်နေ့မှာအင်းအား (၄၀၀) ကျော်နဲ့ ပြုလုပ်ခဲ့ပြီးအမျိုးသမီး(၁၀၀)ကျော်ပါဝင်ခဲ့
တယ်လို့သိရပါတယ်။
