ကချင်ပြည်နယ် ဇူလိုင် ဒုတိယပတ်အတွင်း အရပ်သားလူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အခြားထူးခြားဖြစ်စဉ်
ကချင်ပြည်နယ်။ ၁၄၊ ဇူလိုင်လ၊ ၂၀၂၆
ကချင်ပြည်နယ် ဒုတိယပတ်အတွင်း အရပ်သား ၂ ဦးသေဆုံး ၂ ဦးဒဏ်ရာရခဲ့ပြီး ၃၀ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။ ကချင်ပြည်နယ် နေရာအနှံတွင်လည်း တိုက်ပွဲအသီးသီးဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာမှ ဘာသာရေးဆရာ အပါအဝင် အရပ်သား (၃၀)ကျော်ကို SNA ပြည်သူ့စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇူလိုင် ၁၀ ရက်နေ့တွင်အားလုံးကို ပြန်လွတ်ပေးခဲ့ပါတယ်။
ဇွန်လိုင် ၆ ရက်နေ့တွင် အင်းတော်ကြီး ၊ ဝှေလုံကျေးရွာမှာ KIA တပ်သား ၂ ဦးမှ မူယစ် ရမ်ကား လက်နက်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး နဲ့ အုပ်ကြီး ကိုအိုက်နှောင်း သေဆုံးခဲ့ပြီး နောက် ရပ်မိရပ်ဖ ဦးမြင့်မောင် နဲ့ အခြားအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ တပ်သားနှစ်ဦး မှ တစ်ဦးသည် မိမိကိုယ်ကို ပစ်သတ်ခဲ့ပြီး ၎င်းဖြစ်စဉ်နဲ့ ပက်သက်ပြီး KIA တပ်မဟာ( 9 ) မှ တာဝန်ရှိသူများက ကျုးလွန်သူများအား ခုံရုံးဖွဲ့ အရေးယူကာ တာဝန်ယူ တာဝန်ခံ အပြည့်နဲ့ နစ်နာသူများအား အကောင်းဆုံး ညှိနှိုင်း ဆောင်ရွက်မှုပြုလုပ်နေကြောင့် လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။
မြစ်ကြီးနား- မန္တလေးလမ်းပိုင် စစ်ရေးအခြေအနေကြောင့် အချိန်ကြာ ပိတ်ဆို့ထားမှုကြောင့် ခရီးသွား၊ ကုန်သည်၊ ကားသမားများ အခက်အခဲများနဲ့ကြုံတွေ့နေရပြီး ပုပ်သိုး လွယ်တဲ့ ဟင်းသီးဟင်းရွက်များကို မူလစျေးထက် ထက်ဝက်ခန့်ချပြီး နီးစပ်ရာ ရွာထဲသို့ ရောင်းချခဲ့ကြောင့်သိရပါတယ်။ အဆိုပါ လမ်းပိတ်ဆို့မှုကြောင့် မြစ်ကြီးနားမြို့တွင် ကုန်ပစ္စည်းများ ပျက်လက်မှုနဲ့ကြုံတွေ့နေရကာ ဓာတ်ဆီ နဲ့ အခြေခံစားသုံးကုန်ပစ္စည်းများ ဈေးပြန်လည်မြှင့်တက်လာပါတယ်။
ထိုအပြင် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်း မြစ်ကြီးနား-ဝိုင်းမော်-ကန်ပိုင်တီ လမ်းပေါ်ရှိ ဆဒုံးလမ်း မြေပြုကျမှုကြောင့် ခရီးသွား ကုန်သည်များ သွားလာရန် အခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။
လက်ရှိစစ်ရေးအခြေအနေ – ရွှေကူနဲ့ ဗန်းမော်ဒေသတွင် နေ့စဉ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ကုန်လမ်း၊ လေကြောင်းအသုံးပြုတိုက်ခိုက်နေပြီး လက်နက်နဲ့ ရိက္ခာများကို လေကြောင်းဖြင့် ဖြည့်တင်နေပါတယ်။ထို့အပြင် အင်းတော်ကြီး ဒေသနဲ့ ပူတာအို ခေါင်လန်ဖူး ဒေသတို့ တွင်လည်းKIAပူးပေါင်းတပ် နဲ့ စစ်ကော်မရှင်ပူပေါင်းတပ်တို့ကြားတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KIAဘက်မှ စစ်ကော်ရှင်တပ် စခန်းအချို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် ဇွန်လအထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး အနည်းဆုံး တစ်ထောင်ကျော် (၁,၀၈၃ ဦး) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Leave a Reply