မတ်လ စတုတ္ထပတ်အတွင်း စုစည်းထားသော ထူးခြားဖြစ်စဉ် သတင်း’
ကချင်ပြည်နယ်။ ၃၁၊မတ်လ၊၂၀၂၆
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အီရန်နဲ့ အစ္စရေး၊ အမေရိကန် စစ်ပွဲ နဲ့ ဟော်မုဇ်ရေလက်ကြားက ကမ္ဘာ့ရေနံဆီများဖြတ်သန်းသွားလာခြင်း ပိတ်ဆို့ခံထားရပြီးနောက် ကမ္ဘာတစ်ဝန်းနည်းတူ မြန်မာရဲ့ စက်သုံးဆီစျေးကွက်အပေါ် သက်ရောက်မှုရှိနေပါတယ်။
မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီချွေတာရေးစီမံချက်ဖြင့် စစ်ကော်မရှင်တပ်က အိမ်သုံးမော်တော်ယဉ်များအား စုံ/မ သတ်မှတ်ရက်ဖြင့်သာ သွားလာရန်ကြပ်မတ်ကာ၊ ပျက်ကွက်သူများကိုလည်း ဖမ်းဆီးခြင်းများ စီမံဆောင်ရွက်လျက်ရှိပြီး ၊ဗုဒ္ဓဟူးနေ့တိုင်း အစိုးရဝန်ထမ်းများ နေအိမ်မှ အလုပ်လုပ်ရန်ညွှန်ကြားထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၂၅) ရက် ဗုဒ္ဓဟူးနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဓါတ်ဆီအသုံးပြုရသည့်မော်တော်ယာဉ်များ မစီးရကန့်သတ်ချက်များကို စတင်ကျင့်သုံးကာ ယာဉ်ထိန်းရဲများက ကား၊ဆိုင်ကယ်များ ဖမ်းဆီးကာ ပညာပေးပြောကြားခြင်း များပြုလုပ်ပြီးနောက် ကား၊ ဆိုင်ကယ်များကို ပြန်လွှတ်ပေးခဲ့ပါတယ်။ သို့သော် စက်သုံးဆီဖြင့်မောင်းနှင် ရသည့် ယာဉ်များကိုသာ ကန့်သတ်ထားပြီး ၊ ဘက်ထရီဆိုင်ကယ် နဲ့ EV ကားများ စီးနှင်ခွင့် ရကြောင့်သိရှိရပါတယ်။
လာမည့် ဧပြီလ (၁) ရက်နေ့မှစတင်ကာ ဗုဒ္ဓဟူးနေ့တိုင်း ဓါတ်ဆီအသုံးပြုရသည့် အိမ်သုံးယာဉ်များ သွားလာပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း လည်း ထပ်မံသိရှိရပါတယ်။
နောက် မြစ်ကြီးနားမြို့တွင် ပြီးခဲ့တဲ့ မတ်လ (၃) ရက်နေ့မှစတင်ကာ စက်သုံးဆီ စျေး ၆,၅၀၀ (ခြောက်ထောင့်ငါးရာကျပ်) မှ တစ်သောင်းကျော် ကျပ်အထိ အဆမတန် စျေးများတက်လာခြင်းကြောင့် ပြည်သူများ ခရီးသွားလာရာတွင် ယခင်ကထက် ကားခများ နှစ်ဆတိုးပြီး ပေးနေရပါတယ်။
နောက်ထူးခြားသတင်းအနေဖြင့် –
ကချင်ပြည်နယ် နမ္မတီးမြို့တွင် မတ်လ စတုတ္ထပတ်အတွင်း လုယက်သတ်ဖြတ်မှု (၂)ကြိမ် ဖြစ်ပွားခဲ့ပါတယ်၊၊
