ဖားကန့်တွင် ပြည်သူ‌များရှိတဲ့ဘက် လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး မိသားစုဝင် ( ၃ ) ဦးသေ ၊ လသား ကလေးတစ်ဦး အထိအခိုက်မရှိ။
ဖားကန့်မြို့။ ၈ ၊ ဒီဇင်ဘာလ ၊၂၀၂၅ ။
ကချင်ပြည်နယ် ဖားကန့်မြို့ တွင် မနေ့ည ( 08:00 pm ) နာရီဝန်းကျင်ခန့်မှ ဖားကန့်ဗျုဟာကုန်းဘက်က ပစ်ခတ်နေသော လက်နက်ကြီးသည် မလောင်ရွာထဲကျရောက် ပေါက်ကွဲလို့ မိသားစု ( ၃ ) ဦးထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
“တစ်ညလုံးပစ်နေကြတာ။ ည ( 10:00 pm ) နာရီလောက်မှာက ဗျုဟာကုန်းဘက်က လက်နတ်ကြီးပစ်သံကြားတယ်။ အခု လက်နတ်ကြီးကျတဲ့‌ နေရာက မလောင်ရွာဘက်ကျတာ။ မိသားစုဝင် (၅)ဦးရှိတာတဲ့။ အဲ့ထဲမှာ သားအကြီးက သူ့လောပန်းအိမ်သွားအိပ်လို့ လွတ်သွားတယ်‌။ လသားအရွယ် ကလေးကလည်း ကံထူးစွာနဲ့ ဘာထိခိုက်မှုမှ မရှိပါဘူးတဲ့။ ကျန်တဲ့မိသားစုဝင်
( ၃ ) ဦးကတော့ ဆုံးသွားတယ် တဲ့လို့ပြောတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ ထိခိုက်သေဆုံးသူမိသားစုဝင်များက ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို အတိအကျမသိရသေးတဲ့အပြင် သက်ဆိုင်ရမှ တာဝန်ယူမှု တာဝန်ခံမှု ပြုလုပ်တာ ရှိမရှိကိုလည်း မသိရ သေးသဖြင့် ဆက်‌‌လက် စုံစမ်းနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ( ၁ ) ရက်နေ့မှစပြီး တစ်ပတ်အတွင်း ဖားကန့်မြို့တွင် နေတိုင်းလိုလို တိုက်ပွဲများရှိနေပြီး အရပ်သားပြည်သူများရှိတဲ့ဘက် လက်နက် ကြီးကျရောက် ပေါက်ကွဲသဖြင့် ထိခိုက်သေဆုံးသူ ၊ ဒဏ်ရာရသူများလည်း ရှိခဲ့ပါတယ်။

Leave a Reply