ဖားကန့်မြို့တွင် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူပိုင် နေအိမ်အဆောက်အအုံ ပစ္စည်းများထိခိုက် ပျက်စီးတဲ့အပြင် အရပ်သားထိခိုက်ဒဏ်ရာရ
ဖားကန့်မြို့။ ၂၆ ၊ နိုဝင်ဘာလ ၊ ၂၀၂၅ ။
ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းအုပ်စု ကုဋေကျေးရွာအတွင်း စစ်ကော်မရှင်များ ထိုးစစ်ဆင် ဝင်ရောက်လာပြီး‌နောက် နှစ်ဖက်တိုက်ပွဲများဖြစ်ပြီးယမန်နေ့ညက ကုဋေနဲ့ နတ်ကြီးစင်ကုန်းဘက် ဒရုန်းလက်နက်များကျသဖြင့် ပြည်သူပိုင် နေအိမ် အဆောက်အအုံများ နှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့‌ ကြောင်း ဒေသခံများ ထံမှသိရပါတယ်။
“လုံးခင်းအုပ်စု ကုဋေကျေးရွာအတွင်း စစ်ကော်မရှင် တပ်တွေဝင်ရောက်လာလို့နှစ်ဖက် တိုက်ပွဲဲ ဖြစ်နေတာ။ ညက ဒရုန်း ကြဲချမှုကြောင့် ကုဋေနှစ်ခြင်းဘုရားကျောင်းသင်းအုပ် ဆရာနေအိမ် နှင့် ဘုရားကျောင်းသုံး ကားတစ်စီး
နားနေဆောင်တစ်ခု ပျက်စီးသွားတယ်။ နတ်ကြီးစင်ကုန်း အိမ်မှာလဲ ထပ်ထိတယ်” လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦး ကပြောပါတယ်။
ထို့အပြင် ရွာအတွင်းရှိ မီးသတ်ရုံးအတွင်း ဒရုန်းဗုံး ၊ လက်နက်ကြီးကျသဖြင့် ဦးရဲထွန်း ဆိုသူအရပ်သားပြည်သူတစ်ဦးလည်း ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ပြီး လက်ရှိမှာဆေးရုံတွင် ဆေးကုသမှုခံယူနေရ ကြောင်းလည်းသိရပါတယ်။
ထို့အတူ ဖားကန့်မြို့ မဏိဇေယျုံကျောင်းဝန်း တွင်လည်း ယမန်နေ့ ည ( 11: 15 pm ) ဝန်းကျင်ခန့်တွင် ဒရုန်းဗုံးတစ်လုံး ဓမ္မာရုံတွင်းရှိ ကားပေါ်ကျခဲ့သော်လည်း မပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာ ဖားကန့် ၊ ဝိုင်း‌မော်ဘက် စစ်ကော်မရှင်တပ်များ မြေပြင်စစ်ကြောင်းထိုးလာတာ‌ကြောင့် KIA များ နဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲများဖြစ်ပြီး စစ်ကော်မရှင်ဘက်မှလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပါတယ်။

Leave a Reply