လုံးခင်း နေ့လည်ခင်းတွင် လက်နက်ကြီးစ ဦး‌ခေါင်း၌ထိမှန်၍ အရေးပေါ်ပို့ဆောင်ခဲ့ရတဲ့လူနာ ညပိုင်းတွင်သေဆုံး
ဖားကန့်မြို့နယ်။ ၇၊အောက်တိုဘာလ၊၂၀၂၅
လုံးခင်းအုပ်စု ကုဋေမှော်ကျေးရွာရှိ ခရေစီ လက်ဖက်ရည်ဆိုင်အနီး အောက်တိုဘာလ ၃ရက် နေ့လည်(၂)နာရီ(၄၀)မိနစ်မှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ခန်းကို ပို့ဆောင်ခဲ့ရသောလူနာသည် ညပိုင်းတွင် သေဆုံးသွားခဲ့ပါသည်။
သေဆုံးသူသည် အသက်(၄၀)အရွယ်စစ်ကိုင်းတိုင်းတန့်ဆည်မှ ကိုဝင်းဇော်ဆိုသူဖြစ်ပြီး လုံးခင်းဆေးရုံ၌ အရေးပေါ်လူနာကုသဆောင်တွင် သေဆုံးသွားခဲ့ပါသည်။
အောက်တိုဘာ ၄ နှင့် ၅ရက်‌နေ့ တွင်လည်း စစ်ကော်မရှင်၏ လက်နက်ကြီး ရှရော်ခဘုန်းကြီး ကျောင်းဝန်းအတွင်းနှင့် မရှီကထောင်ကားလမ်းသို့ကျရောက်ပေါက်ကွဲ့ခဲ့ပါသည်။
မှော်တောင်းရွာဖက်သို့သွားရောက်ရာလမ်းတွင် မပေါက်ကွဲသေးသော အမြောက်ဆံဟုယူဆရသည့် ပစ္စည်းတခုတွေ့ရှိပြီး တာဝန်ရှိသူများမှ လာရောက်သိမ်းယူ စေလိုကြောင်း ပြည်သူများမှပြောသည်။

Leave a Reply