
စစ်ကော်မရှင်မှ ၂ရက်အတွင်း ကချင်ပြည်နယ် မြို့နယ် (၄)ခုတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူများထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ်။ ၂၃၊ အောက်တိုဘာလ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်၊ဝိုင်းမော်၊ ခေါင်လန်ဖူး၊ဆော့လော် စတဲ့မြို့နယ်တို့တွင် ပြီးခဲ့အောက်တိုဘာလ၂၁ရက်နေ့မှစပြီး စစ်ကော်မရှင်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေခဲ့ပါတယ်။
ဖားကန့် မြို့တွင် KIAတပ်မဟာ (၉)၊ တပ်ရင်း (၆)ဘက်ရှိရာဘက် စစ်ကော်မရှင်မှ Y-12 ဖြင့် တစ်ရက်လျှင် အကြိမ် ၃၀ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
ထိုအတူ တိုက်ပွဲပြင်းထန်နေတဲ့ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာ ဘက်လည်း စစ်ကော်မရှင်မှ လာရောက်ဗုံးကြဲတိုက်ခိုက်ရာတွင် အရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် ဈေးဆိုင်နဲ့ နေအိမ်များ ထိခိုက်ပျက်စီးတာလည်း ရှိကြောင်းသိရပါတယ်။
ထို့အပြင် KIA နဲ့ ပူးပေါင်းတပ်တို့မှ ပြည်သူ့စစ်များတိုက်ပွဲဖြစ်နေတဲ့ ခေါင်လန်ဖူးနဲ့ ဆော့လော်မြို့နယ်ဘက်လည်း စစ်ကော်မရှင် ဘက်မှ လေယာဉ်ဖြင့် ဗုံးကျဲခဲ့ပြီး ပြည်သူများ၏ နေအိမ်တစ်ချို့နှင့် ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးတာရှိကြောင်း သိရပါတယ်။
