မြစ်ကြီးနား ဗလမင်းထင်တံတားတွင် ဂါးရာယန် သင်းအုပ်က‌တော်နှင့်အတူဆရာမတစ်ဦးဖမ်းဆီးခံရ
မြစ်ကြီးနားမြို့။ ၃၀၊အောက်တိုဘာလ၊၂၀၂၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားတွင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက် နေ့လည် ၁၂:နာရီခန့်က တံတားမှာ ဖုန်းများစစ်ဆေးရာ ဖုန်းထဲတွင် KIAစစ်ဝတ်စုံဖြင့် ဓာတ်ပုံရိုက်ထားတဲ့ ပုံပါနေတဲ့ အမျိုးသမီးနှစ်ဦးကို စစ်ကော်မရှင် စ.ရ.ဖ ဘက်မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရပါတယ်။
“ဖုန်းတွေ စစ်ဆေးတဲ့အချိန် ဓါတ်ပုံထဲတွင် စစ်ဝတ်စုံပုံတွင်ပါလို့ ဖမ်းသွားတာတဲ့။ သူတို့က ဂါးရာယန် အသင်းတော်အမှုဆောင် သင်းအုပ်ဆရာရဲ့ မိန်းမ ဆရာမ မွန်းဂျာနဲ့ ‌‌‌‌‌‌‌‌‌ဆရာမ ဂျာရာတို့ဖြစ်တယ်။”လို့ နီးစပ်သူများထံမှ သိရပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူအမျိုးသမီးနှစ်ဦးမှာ ဂါးရာယန် သင်းအုပ်ဆရာ Rev. Kawn Ja Gun (ဦးကောန် ဂျာဂွန်း)ရဲ့ မိန်းမ Dabang Mun Seng (ဒေါ် ဒါဘန် မွန်းဆိုင်း) အသက် (၄၀) နဲ့ ဆရာမ Bwidaw Ja Ra(ဘွေဒေါ့ ဂျာရာ) တို့ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ဆရာမနှစ်ဦးကို ယနေ့ အထိ ပြန်လည်လွတ်ပေးတာမရှိသေး‌ ကြောင်း ဆက်လက်သိရှိရပါတယ်။

Leave a Reply