အင်းတော်-ဗန်းမောက် လမ်းပိုင်းအား စစ်ရေးအရ အကန့်အသတ်မရှိ ပိတ်ကြောင်း ပကဖမှထုတ်ပြန်ထား
စကိုင်းတိုင်း။ ၁၆၊စက်တင်ဘာလ၊၂၀၂၅
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော် – ဗန်းမောက် လမ်းပိုင်းအား စစ်ရေးအရ အကန့်အသတ်မရှိ ပိတ်ထားကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ စက်တင်ဘာ ၁၅ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါသည်။
အင်းတော်မြို့နယ်မှ ဗန်းမောက်မြို့နယ်သို့ ဆက်သွယ်ထားသော အင်းတော်-ဗန်းမောက် ဗျူဟာလမ်း အပါအဝင် အခြားလမ်းပိုင်းအားလုံးအား စစ်ရေးအရ စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ပြီး ရက်အကန့်သတ်မရှိ ပိတ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
လက်ရှိအချိန်တွင် အင်းတော်-ဗန်းမောက်လမ်းပေါ်တွင်ရှိသော ပကဖဂိတ်များမှခရီး သွားကားနှင့်ဆိုင်ကယ်များကို လှည့်ပြန်ခိုင်းနေကြောင်း ဒေသခံများက ပြောပါသည်။
“ဗန်းမောက်ကနေ အင်းတော်ပဲလာလာ၊ အင်းတော်ကနေ ဗန်းမောက်ပဲ သွားသွား လာသမျှ ကားတွေ၊ ဆိုင်ကယ်တွေ ပြန်လှည့်ခိုင်းနေတယ်။ ပြီးတော့ သွားချင်သပဆိုလည်း သွားပြီးရင်တော့ ပြန်လာလို့ မရဘူးလို့လည်း ပြောနေတယ်။”ဟု ခရီးသွားပြည်သူတဦးမှပြောပါသည်။
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မြောက်ပိုင်း ဗန်းမောက်-ကချင်ပြည်နယ်စပ်၊ ဘူးတောင်းရွာတွင် SNA နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေတာကြောင့် ဝိုင်ဖိုင်လိုင်းများကိုပါ ပိတ်ထားကြောင်း ထပ်မံသိရပါသည်။
လမ်းကြောများပိတ်ထားသော ကြောင့် ကုန်ဈေးနှုန်းများပို၍တက်လာမည်ကို ‌ပြည်သူများက စိုးရိမ်နေကြပါသည်။

Leave a Reply