
ဖားကန့် မြို့မ၊ ဆွတ်ဂျက်ရပ်ကွက်တွင် လက်နက်ကြီးကျကာ အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရ
ဖားကန့်မြို့၊၊ ၆၊ဩဂုတ်လ၊၂၀၂၅
ယနေ့ မနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဖားကန့် ဗျူဟာကုန်ပေါ်မှ ပစ်လိုက်သည့် လက်နက်ကြီးသည် မြိုမ ဆွတ်ဂျက်ရပ်ကွက်ရှိ နေအိမ်နှစ်လုံးကြား ကျရောက်ပေါက်ကွဲကာ အမျိုးသမီးတစ်ဦး နဲ့ အမျိုးသားတစ်ဦး ခေါင်းပေါ်တွင် ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ အပြင် နေအိမ်နှစ်လုံး စလုံးထိမှန်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။
၎င်းဦးခေါင်းပေါ်ထိမှန် ဒဏ်ရာရရှိသူမှာ ဒေါ်ခေါန်နန် နဲ့ ဦးစိန်ဝင်းတို့ဖြစ်ပြီး အိမ်သူအိမ်သားများလည်း ဒဏ်ရာအသီးသီးရရှိခဲ့ကြောင့်သိရပါတယ်။
ပြီးခဲ့သည့်နှစ်၂၀၂၄တွင်လည်း ၎င်းဒဏ်ရာရရှိသူ ဦးစိန်ဝင်းရဲ့ နေအိမ်တွင် လက်နက်ကြီးတစ်ကြိမ်ကျရောက်ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။
လက်ရှိဖားကန့်မြို့တွင် KIA ပူးပေါင်းတပ် နဲ့ စစ်ကောင်စီပူပေါင်းတပ်ကြားစစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်မှ ပြည်သူအရပ်သားများရှိရာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေလုပ်နေသောကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
