ကချင်ပြည်နယ် ၆လ အတွင်း အရပ်သားထိခိုက် သေဆုံးမှု
ကချင်ပြည်နယ်။ ၂၈၊ဇူလိုင်လ၊၂၀၂၅
၂၀၂၅ ခုနှစ် ဇန်နန်ဝါရီလ မှ ဇွန်လ ၆ လ အတွင်း ကချင်ပြည်နယ်တွင် အရပ်သားပြည်သူ သေဆုံးသူ ၁၁၀ ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၅ဦး ရှိခဲ့ကြောင့် လူမှုကွန်ယက်သတင်းစာမျက်နှာများတွင် ဖော်ပြထားပါတယ်။
အများဆုံး ထိခိုက်ဒဏ်ရာရှိမှုမှာ လေကြောင်တိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးသူ ၅၅ ဦး ဒဏ်ရာရရှိသူ ၅၇ဦး ရှိခဲ့ပြီး ဒုတိယအများဆုံးမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့်သေဆုံးသူ ၂၆ ဦး ဒဏ်ရာရရှိသူ ၃၁ ဦးရှိခဲ့ပါတယ်။ ဖမ်းဆီးနှိက်စက်မှုကြောင့် သေဆုံးသူ ၁၂ ဦး ၊ လက်လွှတ်စပယ်ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ ၁၀ဦး ဒဏ်ရာရရှိသူ ၂ဦး၊ အပြင် သေနတ်ဖြင့် ပစ်သတ်ခံရသူ ၃ ဦး၊ ဒရုန်းပစ်ခတ်မှုကြောင့်သေဆုံးသူ ၂ဦး ဒဏ်ရာရှိသူ ၃ ဦး၊ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁ ဦး ဒဏ်ရာရရှိသူ ၅ဦး နဲ့ လူသားဒိုင်အဖြင့်ခေါ်ဆောင်သွားရာမှ ဒဏ်ရာရရှိသူ ၇ ဦး အသီးသီးရှိခဲ့ပါတယ်။
၆ လအတွင်း အရပ်သားပြည်သူ ဖမ်းဆီးခံရသူ ၆၇ဦး ရှိခဲ့ပါတယ်။
ဖားကန့်မြို့တွင် အရပ်သားပြည်သူထိခိုက်သေဆုံးမှု နဲ့ ဒဏ်ရာရရှိမှုအများဆုံးဖြစ်ပြီး မိုးညှင်းမြို့ တွင် ဒုတိယ ထိခိုက် သေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ တတိယ ထိခိုက်သေဆုံးမှုအများဆုံးမှာ ဗန်းမော်မြို့ ဖြစ်ပြီး ဝိုင်းမော်၊ တနိုင်း၊ မြစ်ကြီးနား၊ မိုးမောက်၊မိုးကောင်း၊ ဆော့လော်မြို့ အသီးသီးတွင်လည်း အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေရှိခဲ့ပါတယ်။
အရပ်သားပြည်သူထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွင် ကျူးလွန်သူအများစုမှာ စစ်ကောင်စီတပ်မှဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့မှ ကျူးလွန်မှုကြောင့် ထိခိုက်သေဆုံးမှုများလည်းရှိခဲ့ပါတယ်။ ထိုအပြင် အမည်မသိအဖွဲ့မှ ကျူးလွန်မှုများလည်ရှိခဲ့ပါတယ်။
လက်ရှိတွင် ကချင်ပြည်နယ်အနံ တိုက်ပွဲများဖြစ်ပွားနေပြီး ဝိုင်းမော်မြို့ဘက်တွင်လည်း ညစဉ်ညတိုင်း လက်နက်ကြီးပစ်ခတ်သံများကြားနေရပါတယ်။
ဖားကန်မြို့ဘက်တွင်လည်း KIA နှင့် စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာနေပြီး လမ်းများပိတ်ဆို့ထားမှုကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ‌ဒေသခံပြည်သူများအတွက် စားဝတ်နေရေးဖြေရှင်းရာတွင် အခက်အခဲဖြစ်နေပါတယ်။ ထို့အပြင် ဒေသခံအချို့များသည် တိုက်ပွဲများကြောင့် နီးစပ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေရပါတယ်။
ဗန်းမော်မြို့ဘက်တွင်လည်း စစ်ကောင်စီတပ်မှ ရေကြောင်းဖြင့် အင်အားဖြင့် ထိုးစစ်ဆင်းမှုများဆက်လက်ပြုလုပ်နေပါတယ်။
တနိုင်းမြို့တွင်တွင် မင့်ဇင်သန့်ပြည်သူ့စစ်တပ်ဖွဲ့ နဲ့ KIAတပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မိုးညှင်းမြို့နယ် အင်တော်ကြီး‌ဒေသ၊ နန့်မွန်းမြို့ များတွင် ရှမ်းနီပြည်သူ့စစ်တပ်မှ ကချင်လူမျိုးများအား ဖမ်းဆီးစစ်ဆေး ရိုက်နှိက်မှုများပြုလုပ်နေပြီး ကချင်လူမျိုးများက နီးစပ်ရာသို့ထွက်ပြေးတိမ်ရှောင်နေရပါတယ်။ ၎င်းဖြစ်စဉ်နဲ့ ပက်သက်ပြီး အင်းတော်ကြီးဒေသ ရှမ်းနီ၊ ကချင်ကြည်ဖြူညီညွတ်ရေးအဖွဲ့မှ မလိုးလာအပ်သော လူမျိုးရေးပြသာနာဖြစ်လာမည်ကို အထူးစိုးရိမ်းကြောင့် သဘောထားထုတ်ပြန်မှုပြုလုပ်ခဲ့ပါတယ်။

Leave a Reply