ဖားကန့်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်‌နေပြီး လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလာ
ဖားကန့်မြို့။ ၁၉၊ ဇူလိုင်၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယမန့်‌ နေ့ ည နေ ၄ နာရီခန့် က စစ်ကောင်စီ ရဲစခန်းနှင့် ဖားကန့် အထက ကျောင်းကြား လက်နက်ကြီး ကျသဖြင့် အရပ်သား ပြည်သူ (၅) ဦးအထက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှသိရပါတယ်။
” အထကကျောင်းဘက်ဟုတ်တယ်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လက်နက်ကြီးတော့ဟုတ်တယ်။ လေယာဉ်ဗုံးလား၊ အမြှောက်ဗုံးလားမသိဘူး။ တော်တော်ပြင်းတယ်။ ဈေးသည်နဲ့ လမ်းသွားလမ်းလာတွေ‌‌ထိခိုက်တာရှိတယ်တဲ့။ တိတိကျကျတော့မသိဘူး။ ၅ယောက်‌တော့ကျော်မယ်တဲ့။” လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆိုင်းတောင်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ထို့အပြင် ယမန့်နေ့ ညနေ ၅နာရီဝန်းကျင်တွင် တောင်ပြိုရွာဘက် စစ်ကောင်စီ လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်‌မှုများပြုခဲ့ကြောင်း ဒေသခံများထံမှသိရပါတယ်။
“မနေ့ ညနေ တစ်နာရီအတွင်း လေယာဉ်ပျံနဲ့ နှစ်ကြိမ် ဗုံးကြဲ သွားပါတယ်။ ဂျတ်ဖိုက်တာ နဲ့ တောင်ပြိုရွာဘက် ဗုံးကြဲသွားတယ်။ ညနေ ၅ နာရီ၄ဝ ပထမအကြိမ် ညနေ ၆ နာရီမှာ ဒုတိယ အကြိမ် စုစုပေါင်း နှစ်ကြိမ် ဗုံးကြဲ သွားတယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖားကန့် မြို့တွင် စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေတာ(၃)လနီးပါးရှိလာတဲ့အပြင် ဒေသတွင်းလည်း တိုက်ပွဲကြောင့် အရပ်သား နေအိမ်ထိခိုက် ပျက်စီးမှုနှင့် ပြည်သူများထိခိုက်‌သေဆုံးသူ ပိုမိုများပြားလာတာရှိကြောင်း သိရပါတယ်။

Leave a Reply